"ဝမ်ရိပေါ်!! "
ဆက်သွယ်ရေးမကောင်းသည့် ကာလဖြစ်သည့်အပြင် အဆောက်အဦးရဲ့ system ကို Hack ယူထားခဲ့သည့် ဟောက်ရွှမ်းရဲ့ Tablet မှာ လွတ်ကျထားသည့်အရှိန်ကြောင့် အတွင်းပိုင်းရောက်သွားသည့် ရိပေါ်တို့ကိုဆက်သွယ်၍ မရတော့။
"တံခါးဖွင့်ပေးဟောက်ရွှမ်း မြန်မြန်!"
"ရှောင်းကျန့် ရိပေါ်တို့ပြောသွားတာ ကြားတယ်မဟုတ်လား။ ဖန်ပေါင်းချောင်ကို ယူသွားနိုင်ဖို့က လက်ရှိမှာ ပထမဦးစားပေးပဲ။"
ဟိုက်ခွမ်းထံက ထိုသို့သော စကားလုံးထွက်လာတော့ အံ့သြခြင်းကြီးစွာဖြင့် ရှောင်းကျန့်ပြန်ကြည့်လိုက်သည်။
"မင်း အခု ငါ့ကို ကလေးတွေထားခဲ့ပြီး ပြန်ကြစို့လို့ ဆိုလိုချင်တာလား။ ငါလုံးဝမပြန်နိုင်ဘူး မင်းတို့ဘာ့သာပြန်ကြ ငါသူတို့ကိုဝင်ခေါ်ပြီး ဆိပ်ကမ်းကိုဆင်းမယ်။ ဟောက်ရွှမ်းမင်းကို တံခါးဖွင့်ပေးလို့ပြောနေတယ်လေ။"
ဟောက်ရွှမ်းက ဝေခွဲရခက်စွာ ဟိုက်ခွမ်းကိုကြည့်လိုက်၊မိမိကိုကြည့်လိုက်နှင့်မို့ ရှောင်းကျန့်စိတ်မရှည်စွာ သူ့လက်ထဲက Tablet ကိုဆွဲယူရန်ပြင်သည်။ သို့သော် ဟိုက်ခွမ်းကာ ဖြတ်တားပြီးသည့်နောက်
"အငယ်လေးတွေကိုထားခဲ့ဖို့ မင်းကိုပြောနေတာမဟုတ်ဘူး ရှောင်းကျန့်။ ဘာ Plan မှ မတိုင်ပင်ရသေးပဲ တံခါးအတင်းဖွင့်ခိုင်းပြီး သူတို့နောက်လိုက်ဖို့တွေးနေတဲ့ မင်းကိုပဲတားနေတာ။ ဘာမှမသိရသေးတဲ့အထဲကို ကမူးရှူးထိုးနဲ့ ပြေးဝင်ဖို့ကြံနေတဲ့ မင်းကိုတားနေတာ"
ကလေးတွေကိုထားဖို့ကြံနေသလားဟု အမေးခံထားရသည့်အပေါ် ဒေါသထွက်သွားဟန်ရှိသည့် ဟိုက်ခွမ်းမျက်နှာထားရော လေသံရောက အတော်ကိုမာထန်နေသည်။ သူပြောသည့်အတိုင်း တိကျသည့် Plan တခုကတော့ အရင်ဆွဲရဦးမည်ဖြစ်ပြီး ထို Plan မဆွဲရသေးခင် အသံကျယ်သည့်ရဟတ်ယာဉ် ဒီနေရာကိုရောက်လာလို့ မဖြစ်သေးပေ။ ထို့ကြောင့်
"ကျန်းချန် ရဟတ်ယာဉ်ကို ဟိုဘက်အဆောက်အအုံမှာပဲ ပြန်ပတ်နေဖို့ပြောလိုက်။"
"၁၅ မိနစ်လောက်ပဲအချိန်ရတော့မယ် ရှောင်းကျန့်။"
"ဒါဆိုလဲ ၁၅မိနစ်အတွင်း ငါတို့ပြန်ခေါ်ကြတာပေါ့။ ဟောက်ရွှမ်း မင်းရဲ့ Tablet အဆင်ပြေနေသေးရဲ့လား။"
![](https://img.wattpad.com/cover/299480619-288-k69293.jpg)
YOU ARE READING
FanfictionFic Name - The Survivors (FTC Sequel) Fanfiction အမျိုးအစားပါ Written by choyee6 Fic cover by - Wang Qiu Follow The Command ရဲ့ (The Alien) ကို ဖတ္ဖူးမွ ဒါကိုနားလည်မှာပါရှင်။ Fic Name - The Survivors (FTC Sequel) Written by choyee6 Fic cover by - Wa...