Part - 12 (Unicode)

734 131 105
                                        

အခန်းပြင်သို့လှမ်းထွက်လိုက်သည်နှင့် Alert အသံက ပိုကျယ်လာသလို ကုန်းပတ်အပြင်ဘက်သို့ထွက်နေသည့် ရေတပ်သားတွေအပြင်...

"General Quarters!! General Quarters အကြောင်းရင်းမသိ ချဉ်းကပ်မှုအတွက် အသင့်နေရာယူထားပါ။"

ဟူသော Bridge မှ ထုတ်လွှင့်နေသည့် တပ်လှန့်သံကြောင့် လက်နက်တိုက်ရှိရာ ပြေးနေကြသူတွေလဲရှိသည်။ ရိပေါ်ကို တချက်လှည့်ကြည့်လိုက်ပြီးနောက် နှစ်ဦးသားတိုင်ပင်ထားစရာမလိုပဲ ကုန်းပတ်အပြင်ဘက်ဆီသို့ ရောက်လာခဲ့ပြီးနောက် Bridge မှ လှမ်းထိုးထားသည့် မီးမောင်းအပြင် ရဟတ်ယာဉ်ရုံမှ စတင်ထွက်ခွာရန်ပြင်နေသည့် ရဟတ်ယာဉ်ကိုပါ မြင်လိုက်ရပေမယ့် လိုက်ကြည့်ရာတစ်လျှောက် ဘာမှမတွေ့ရပဲ မှောင်မဲနေသည့်ရေပြင်ကြီးသာရှိနေပြီး ဘယ်အရာတွေဖြစ်နေမှန်း ရုတ်တရက်မသိရသေး။

"ဘာတွေဖြစ်နေတာလဲ ရှောင်းကျန့်..."

အိပ်မှုံစုံမွှားဖြင့် အနားရောက်လာသည့် ကျန်းချန်တို့ထံကအမေးထွက်လာသော်လည်း ရှောင်းကျန့်မှာ ဖြေစရာမရှိသေးပေ။

"မသိဘူး။ Alert အသံတွေကြားလို့ ငါထွက်ကြည့်တာ။"

"ရိပေါ်!! ဟောက်ရွှမ်း!!"

အပေါက်ဝမှနေ၍ လက်ယပ်ခေါ်ကာ လှမ်းအသံပြုလာသည့် Miller ကြောင့် ယွီပင်ကို ကျန်းချန်တို့နှင့်ထားခဲ့ကာ Miller အနီးသို့ ရှောင်းကျန့်လျှောက်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ Miller?"

"အမည်မသိ သဘောၤတစ်စင်း ချဉ်းကပ်လာလို့ ဆရာရှောင်း။ ဆက်သွယ်ပေမယ့် ပြန်မဖြေပဲ ရှေ့ဆက်တိုးလာနေတော့ ဘာမှန်းမသိတာနဲ့ အသင့်ပြင်ခိုင်းထားတယ်။ ရိပေါ် ဟောက်ရွှမ်း လာ။ ငါတို့လက်နက်တိုက်သွားရမယ်။"

"Wayne ရော Miller?"

"ရဟတ်ယာဉ်နဲ့ပါသွားပြီ ရိပေါ်။"

"ကော ကျွန်တော်တို့လိုက်သွားတော့မယ်။"

ရိပေါ်က ထိုသို့တခွန်းလှမ်းပြောကာ ဟောက်ရွှမ်းနဲ့အတူ Miller နောက်သို့ အပြေးတပိုင်း လိုက်သွားတော့သည်။ Bridge ရှိရာ သွားဖို့ဟန်ပြင်ပြီးကာမှ တစုံတခုကိုတွေးမိလာတော့ ဟိုက်ခွမ်းတို့အနီး ပြန်လျှောက်သွားပြီးနောက်...

The Survivors (FTC Sequel) Where stories live. Discover now