Part - 31 (Uni & ZG)

888 78 34
                                    

"အပေါ်ထပ်ကိုပြေး!! အပေါ်ထပ်ကို အဆုံးထိဝင်ပြေး ဘယ်ဘက်ခြမ်းမှာ Toilet အခန်းရှိတယ်!! အဲ့ဒီထဲသွား!!"

ကပ္ပတိန်မီလန်ဧ။်အသံနောက်တွင်တော့ ကောင်တာဧ။်အကွယ်ဘက်မှ ထွက်လာကြပြီဖြစ်သည့် ကူးပြောင်းကောင်အုပ်စုမှာ ​ဇတ်ကျိုးလျက်သားဖြင့် ​စောင်းငန်းငန်းပြေးလာသူက ​ပြေးလာပြီး တစ်ချို့မှာတော့ သေပြီးကာစ မကြာသေးဟန်ပေမို့ ပုပ်ပွကာအနံ့ဆိုးများဖြင့် ရုပ်ပျက်ဆင်းပျက်ပြေးလာသူ၊ ထိုမျှမကသေး ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့၍ လက်နှစ်ဖက်ဖြင့် ကြမ်းပြင်​ပေါ်ယက်တွားသွားကာ လျှောတိုက်လာနေသူများအား ရိပေါ်တို့မှာပြူးကြောင်၍ ကြည့်နေမိသည်။

ထိုအခြေအနေကိုထိန်းသိမ်းလိုက်သူက ကျန့်ကောပင်ဖြစ်ပြီး မိမိကိုအကျီစမှဆွဲ၍ အပေါ်ထပ်သို့တွန်းလွှတ်နေသည်။ ကျန်သည့အစ်ကိုများသည်လည် Miller တို့အဖွဲ့အား အပေါ်သို့ပြေးရန် အချက်ပြဆွဲခေါ်နေခြင်းကြောင့် ဝရုန်းသုန်းကားဖြင့် ပြေးတက်လာကြပြီး ကပ္ပတိန်မီလန်ပြောသည့်အတိုင်း အပေါ်ထပ်ဘယ်ဘက်ခြမ်းရှိ မှန်လုံခန်း​တွေကို ​ကျော်ဖြတ်ကာ အင်္ဂ​တေအခိုင်အမာဖြင့် အခန်းငယ်တစ်ခုဆီသို့ ဦးတည်ပြေးဝင်ခဲ့ကြသည်။

"အသံမထွက်နဲ့ "

နောက်ဆုံးမှပြေးဝင်လာပြီး​နောက် တံခါးကိုပါလော့ချ၍ ကျောမှီရပ်လိုက်သည့် ကျန့်ကောက အသံမထွက်ရန်ပြောလာသည့်အခါ မိမိတို့မှာ ပြေးလာခဲ့ရသဖြင့် တစ်ဖောက်ဖောက် နှလုံးခုန်သံနှင့် အဆမတန်မောဟိုက်နေတာတောင်မှ အသက်ရဲရဲမရှုဝံ့။ ရင်ဘတ်ဖိ၍ ပါးစပ်မှဖြည်းဖြည်းခြင်းရှုထုတ်ကာ နံရံမှီသူမှီ၊ ကြမ်းပြင်မှာထိုင်သူထိုင်ဖြင့် ကြိတ်အမောဖြေနေရသည်။ မှောင်မဲနေသည်မို့ ဘာကိုမှသေချာစွာမမြင်ရ။ ဓာတ်မီးအသေးကိုဖွင့်၍ ဟိုဟိုဒီဒီကြည့်ပြီးသည့်အခါတွင်မှ နေရာတခုလုံးဧ။်အနေအထားကို မြင်နိုင်တော့သည်။

အခန်းဖွဲ့စည်းပုံအရ သန့်စင်ခန်းသည် ပင်မအဆောက်အဦးထဲ အခန်းကြီးတစ်ခန်းအဖြစ် အခိုင်အမာရှိနေခြင်းကြောင့် နောက်မှလိုက်လာသည့် ကူးပြောင်းကောင်များ အလွယ်တကူ တွန်းတိုက်မဝင်လာနိုင်သလို ဝင်လာပါကလဲ အတွင်းခန်းရှိ သန့်စင်ခန်းသုံးခန်းမှာ အလုံပိတ်ထားသည့် အခန်းငယ်အဖြစ် ထပ်ရှိသေးခြင်းကြောင့် နောက်ထပ်အဟန့်အတန့်အတားအဖြစ် ရှိနေသေးသည်။ အခန်းတံခါးကိုတဝုန်းဝုန်းဖြင့် တွန်းတိုက်နေသည့် အသံဗလံများ တိတ်သွားသည့်အခါ ကျန့်ကောမိမိ၊ Wayne နှင့် Miller ထံသို့အချက်ပြလာသည်။

You've reached the end of published parts.

⏰ Last updated: Sep 24, 2024 ⏰

Add this story to your Library to get notified about new parts!

The Survivors (FTC Sequel) Where stories live. Discover now