Part - 8 (Unicode)

681 170 142
                                    

တိကျမြန်ဆန်လှသည့် စနိုက်ပါပစ်ချက်က လူနှစ်ယောက်အားကယ်တင်နိုင်ခဲ့သော်ငြား အန္တာရယ်ကောင်တွေကိုတော့ အချက်ပြမိသည့်အလားပင်။ ကျန့်ကောနှင့်ဟောက်ရွှမ်း ကားပေါ်ရောက်ပြီးမရှေးမနှောင်းမှာပင် ဖုတ်ကောင်တချို့က ကားအနီးရောက်ရှိလာကြပြီး အသံမျိုးစုံပေးကာ ကားမှန်တွေကို ထုရိုက်လို့နေသည်။ ကားတံခါးကိုဆွဲမဖွင့်တတ်သည်က မိမိတို့အတွက်တော်သေးသည်ဟု ရိပေါ်မှတ်ယူသော်လည်း မျက်လုံးတွေပြူးကျယ်နေကာ အထဲမှာရှိနေသည့် မိမိတို့အား မှန်မှတဆင့် အာသာငမ်းငမ်းဆွဲဖြဲတော့မတတ် ပြုမူနေတာတွေကတော့ လက်တွေပါတုန်လာသည့်အထိ ကြောက်စိတ်ဖြစ်စေသည်။

စက္ကန့်ပိုင်းအချို့မှာတင် မောင်းထွက်စပြုနေသည့် ကားအနီးဖုတ်ကောင်အများအပြား ရောက်ရှိလာပြီဖြစ်လို့ ရှောင်တိမ်းချိန်မရတော့သည်မို့ ဖြတ်တိုက်ကာ မိုင်ကုန်မောင်းထွက်ခဲ့ကြပြီး ကားဖြင့်တိုက်မိကာ လမ်းပေါ်ပစ်လဲသွားသည့် ကူးစက်ခံနေရသူတွေ၊ ကားကိုပင်ရှောင်တိမ်းတတ်ဟန်မတူသည့် ထိုကူးစက်ခံထားရသူတွေကိုတော့ မလွှဲသာမရှောက်သာ တက်ကြိတ်နင်းဖြတ်ရသည့်အခိုက်....မည်သို့ပင်အသွင်အပြင် ပြောင်းလဲနေပါစေ ဒါတွေဟာ လူတွေဆိုသောအသိကြောင့် တစ်ယောက်ကိုတက်ကြိတ်လိုက်တိုင်း မျက်လုံးစုံမှိတ်ကာ အံကြိတ်ထားမိနေကြရသည်။

"ယွီပင်အဆင်ပြေရဲ့လား..."

ဟောက်ရွှမ်းဆီက ယွီပင်ကိုလှမ်းမေးလိုက်သည့်အသံကြားတော့ ရိပေါ်အကြည့်က ယွီပင့်ထံသို့ရောက်သွားသည်။ ယွီပင်ကတော့...

"အင်း ပြေပါတယ်...."

ဟူသောအသံခပ်တိုးတိုးပြန်ပြုလာပြီး ကြောက်စိတ်ကတော့ ကြီးစိုးနေဆဲ၊ သို့သော် မျက်လုံးတွေထဲ ကျန့်ကောရိုက်သွင်းပေးထားသည့် ကြောက်မနေပဲ ရင်ဆိုင်ကျော်ဖြတ်မှ အောင်မြင်မည်ဆိုသည့် စကားလုံးတွေကြောင့် အနည်းငယ် ဖြေသာနေဟန်ပင်။ ရှေ့ခန်းဆီသို့လှမ်းကြည့်တော့ ကျန့်ကောကနောက်ကြည့်မှန်ကနေတဆင့် ကြည့်နေတာနှင့်ဆုံသည်။

"နောက်ခန်းကအဆင်ပြေရဲ့လား..."

"ဟုတ် ကျန့်ကော..."

The Survivors (FTC Sequel) Where stories live. Discover now