ဖန်ပေါင်းချောင်ထားရှိရာ အခန်းလွတ်ကြီးကိုကြည့်၍ မှင်သက်နေခိုက်မှာပင် တီးလုံးသံကဲ့သို့သော အသံက မျက်နှာကြက်ရှိ Speaker တခုက ထပ်မံထွက်ပေါ်လာချိန်မှာတော့ မိမိတို့ရှိရာသို့ ဦးတည်လာနေသည့် အပြေးအလွှား အုံလိုက်ကျင်းလိုက် ခြေသံတွေ၊ လဲပြိုထိမိသံတွေက တစတစ နီးကပ်လို့လာခဲ့သည်။ သေနတ်တွေကို တင်းတင်းဆုပ်ကာ စင်္ကြန်လျှောက်လမ်းကိုကြည့်နေကြသည့် အငယ်တွေကို ရှောင်းကျန့်တချက်ကြည့်ပြီးနောက် ဒီနေရာမှာ ဆက်နေရန်မဖြစ်တော့ပြီ။
"ရှောင်းကျန့် ငါတို့ပြန်ထွက်ကြမယ်"
"မမှီတော့ဘူး ကျန်းချန်။ ဒီနေရာနေ ဝင်ပေါက်ထိပြန်ရောက်သွားဖို့ အချိန်တခုပေးရမှာ။ "
"ခပ်မြန်မြန်သွားရင်ရတာပဲ ကျန့်ကော။ ပြောနေရင်ပိုကြာမယ်။ သွားရအောင်"
လှည့်ထွက်ရန်ပြင်နေသည့် ရိပေါ်ကို ရှောင်းကျန့်လှမ်းဆွဲကာ တိတ်တိတ်နေရန် နှုတ်ခမ်းကို လက်ညှိုးဖြင့်တေ့ပြပြီး သေချာနားထောင်ဆိုသည့် သဘောဖြင့် နားကိုပါတချက်ထောက်ပြလာသည်။ ထိုတော့မှ ရိပေါ်မှာ သေချာနားစိုက်ထောင်ပြီးနောက် နှုတ်ခမ်းအစုံဖွင့်ဟကာ မိမိကိုပြန်ကြည့်လာခဲ့သည်။
"ကျန့်ကော...."
"မင်းကြားတယ်မဟုတ်လား။ အသံက လေးဘက်လေးတန်ကလာနေတာ ငါတို့ပြန်လှည့်လဲ ဟိုဘက်ထိပ်မှာ ပိတ်မိနိုင်တယ်။"
ခပ်တိုးတိုးပြောရင်းဖြင့် မျက်လုံးအစုံကို ဝေ့ကြည့်လိုက်ပြီး နေရာတခုခုကို အသည်းအသန် ရှာဖွေနေရသည်။ စင်္ကြန်းလျှောက်လမ်းကြီးဖြစ်လို့ ဘေးဘက်တွေမှာ အများစုမှာ မှန်အကြည်ရောင်တွေ ကာရံထားသည့် အခန်းတွေနှင့် စက်ပစ္စည်း၊ ကောင်တာများသာရှိသည်။ တခဏမျှလိုက်ကြည့်ပြီးနောက်မှာတော့ ရှေ့ခပ်လှမ်းလှမ်းမှာ နံရံမြုပ်အခန်းတခုကို တွေ့ခဲ့ပြီး တံခါးတွင်တော့ မျက်နှာတခုစာ မှန်အဝိုင်းတခုသာရှိသည်မို့ ထိုအခန်းရှိရာ လက်ညှိုးထိုးပြကာ...
"ဟိုအခန်းထဲဝင်မယ်..."
ထိုသို့ပြောကာ ကျန့်ကောက ဟိုက်ခွမ်းကောနှင့်အတူ ရှေ့မှ ဦးဆောင်ထွက်သွားပြီး အခန်းရှိရာသို့ပြေးသည်။ သော့ပိတ်ထားခြင်းမရှိသည့် တံခါးဖြစ်လို့ လွယ်လင့်တကူသာပွင့်သွားခဲ့ပြီး အခန်းထဲဝင်လိုက်သည်နှင့် အဖြူရောင် ဂျူတီကုတ်ဝတ်ဆင်ထားသော ဖုတ်ကောင်၂ကောင်က အော်မည်သံကိုပြုကာ ပြေးဝင်လာသည်ကို ကျန့်ကောနှင့် ဟိုက်ခွမ်းကောက နဖူးကိုတချက်စီပစ်၍ အဆုံးသတ်ပေးလိုက်ပြီး ခြေထောက်တွေပြတ်ထွက်နေပြီမို့ တွားသွားကာပြေးလာသည့် နောက်တစ်ကောင်ကိုတော့ ကျန်းချန်ကောက သေနတ်ဒင်ဖြင့် လေးငါးခြောက်ချက်ခန့် ဖြတ်ရိုက်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/299480619-288-k69293.jpg)
YOU ARE READING
The Survivors (FTC Sequel)
FanfictionFic Name - The Survivors (FTC Sequel) Fanfiction အမျိုးအစားပါ Written by choyee6 Fic cover by - Wang Qiu Follow The Command ရဲ့ (The Alien) ကို ဖတ္ဖူးမွ ဒါကိုနားလည်မှာပါရှင်။ Fic Name - The Survivors (FTC Sequel) Written by choyee6 Fic cover by - Wa...