Part - 10 (Unicode)

879 158 122
                                        

မျက်လုံးဖွင့်လိုက်သည့်အချိန် မြင်ကွင်းထဲဝင်ရောက်လာသည့် အိပ်စင်ရဲ့အောက်ခြေကို ရှောင်းကျန့်အသားမကျစွာ ဘယ်ကိုရောက်နေသလဲဟု တွေးမိသွားသည်။ ထထိုင်လိုက်ကာ ဟိုဟိုဒီဒီကြည့်လိုက်တော့မှ တဖက်အိပ်စင်မှာ လပ်ကီးကိုဖက်၍အိပ်နေသည့် ရိပေါ်နှင့်အတူ အခန်းတွင်းဖွဲ့စည်းပုံကိုမြင်ပြီး စစ်သဘောၤပေါ်ရောက်ရှိလာကြောင်း ပြန်လည်သတိပြုမိလာသည်။ လက်ပေါ်မှနာရီပြသချိန်ကား မနက်၆နာရီ ၂၀မိနစ်။ ကြုံတွေ့ထားရသည့်ကိစ္စရပ်တွေကြောင့် လူကတော့ လေးလံထိုင်းမှိုင်းလို့နေသည်။

"ရိပေါ်....ထတော့လေ "

"...............I

"ရိပေါ် ထတော့လို့...မနက်.."

ပထမတခွန်းကိုမတုံ့ပြန်လာတော့ သူ့အိပ်စင်နားထိ ရှောင်းကျန့်လျှောက်လိုက်ကာ ပခုံးကိုထိ၍ထပ်နှိုးလိုက်သည်။ ထိရုံမျှထိလိုက်ပေမယ့် သွေးလန့်နေသလို ဖျတ်ခနဲကုန်းထလာသည့်ရိပေါ်ကြောင့် ရှောင်းကျန့်ပင် လန့်ဖျန်စွာကြောင်ကြည့်နေမိသည်။

"ဘာဖြစ်တာလဲရိပေါ်? အဆင်ပြေလား?"

ထိုတော့မှ ရိပေါ်ကခေါင်းညိတ်ပြကာ အိပ်စင်ပေါ်မှခြေတွဲလွဲချထိုင်းပြီး ရှုပ်ထွေးပွယောင်းနေသည့် ဆံပင်တချို့ကို လက်ဖြင့် အသာသပ်ချနေသည်။ မျက်မှောင်တွေထိစပ်နေအောင် ကုတ်ချထားပြီး မျက်တောင်တဖျတ်ဖျတ်ခပ်နေသည်ပုံက စိတ်အလိုမကျမှုကို ပြသနေသည်မို့ အခန်းတွင်းစားပွဲပေါ်က ရေအသာဌဲ့ကာ ကမ်းပေးလိုက်တော့ တခွက်လုံးနီးပါးကို တရှိန်ထိုးသောက်ချနေရှာသည်။

"ကျေးဇူး ကျန့်ကော...."

"လန့်နေသေးတာလား ငါတို့သဘောၤပေါ်ရောက်နေပြီဆိုတော့ လုံခြုံနေပါပြီ။ "

"စိတ်ထဲဖျောက်ရခက်နေတယ် ကျန့်ကော။ ညက ညလယ်စာစားပြီးတော့ ကုန်းပတ်ပေါ် ကျွန်တော်တို့အဖွဲ့သွားကြတယ်။ အခုဖြစ်နေတာတွေနဲ့ပတ်သတ်ပြီး ပြောဖြစ်ကြတယ်ပေါ့။ "

"အင်း..."

"ကိုယ်စီ သိထားတဲ့ အကြောင်းအရာ အများကြီးပြောပြပြီးသွားတော့ စိတ်ထဲခံစားချက်တခုဝင်လာတယ်။ အဲ့ဒါက..."

The Survivors (FTC Sequel) Where stories live. Discover now