'' အကြွေးယူပြီး မပေးချင်ရင် ခင်ဗျားဖင်လာခံလိုက်လေ! ''
'' ဥက္ကာခွန်းမောင်! မင်းမရိုင်းနဲ့ ''
ပတ်ဝန်းကျင်မှ လူအချို့ပင်ဝိုင်းကြည့်လာတဲ့အခါ မိုးထက်ဝဠာ၏ မျက်နှာမှာနီမြန်းသွားချေသည်။
အရက်ပုလင်းခါးကြားထိုးမူးယစ်နေသောဖခင်မှာသူအဆဲခံနေရမှန်းတောင်မသိရှာပဲ သီချင်းတအေးအေးဖြစ်နေသေးသည်။
'' သန်းဘက်ခါအထိတော့ ငါ့ကိုအချိန်ပေး ၊ မင်းရမဲ့အကြွေးဆယ်သိန်းကိုလာပေးမယ် ''
'' အိုကေလေ ၊ မပေးလို့ကတော့ ဥက္ကာခွန်းးမောင် အဆိုးမဆိုနဲ့ ကျုပ်ကခင်ဗျားပြောသလိုပဲ ရိုင်းတယ် ယုတ်လည်းယုတ်မာတက်တယ် ''
ခပ်စူးစူးအကြည့်တွေအားမျက်နှာလွှဲရှောင်ရှားလိုက်တဲ့အခါ မထီမဲ့မြင်ပြုသည့်အမူယာဖြင့်ဥက္ကာခွန်းးမောင်ထွက်သွားခဲ့သည်။
ဆိုင်ကယ်သံလီဗာပြင်းပြင်းဖြင့်ထွက်သွားတဲ့အသံအပြီးတွင်ပတ်ဝန်းကျင်မှတီးတိုးဆိုသံတွေမှာညံလို့ ။
သက်ပြင်းပူပူချကာပိုက်ဆံဆယ်သိန်းရှာပုံတော်ဖွင့်ရန်ခေါင်းပူမတက်တွေးရအုံးမည် ။
အိမ်ထဲဝင်လိုက်သည်နှင့် ပွပလဲနေသည့်အခင်းအကျင်းမှာစိတ်ညစ်ညူးဖွယ်။အဖေလုပ်သူ၏မူးမူးရူးရူးနှင့်ပြောနေသောစကားတွေမှာ စုံစုံလင်လင်ပင် ။
'' အဖေရယ် ၊ ဘာလို့အတိုးနဲ့သွားချေးရတာလဲ ''
ပြီးတော့ အဲ့ကောင်လေးဆီကမှဖြစ်ရတယ်လို့ ....။
>>>>>
ပထမတစ်ရက် ကုန်လွန်လာခဲ့ပြန်သည်။ယခင်စုဆောင်းငွေအပြင်ထပ်မံတိုးလာခြင်းမရှိတဲ့ငွေအမောက်မှာဆယ်သိန်းဆိုသောပမာဏနှင့်ယှဥ်လျှင်သိပ်ကိုကွာဟနေသေးသည်။
လက်ထဲတွင်ရှိသော ပိုက်ဆံမှာသုံးသိန်းတည်းသာရှိသေးသည်။ လောလောလပ်လပ်အလုပ်မရှိသေးတာကြောင့်ဘယ်သူမှလည်းစွန့်စွန့်စားစားငွေမချေးလိုကြချေ ။
မိုးထက်ဝဠာ ကြီးမားတဲ့ထပ်မြင့်အိမ်ကြီးရှေ့ခြေစုံရပ်ရင်း အတွေးပေါင်းများစွာဖြင့်ချာချာလည်နေခဲ့သည်။