Warrning: Dirty Talk
......
" ဝနာ ... "
" ဝဠာ.. ဟိုမှာမင်းယောကျာ်းလာပြီ။ဟားဟား! "
အတန်းထဲမှသူငယ်ချင်းတွေ၏စကားကြောင့်မိုးထက်ဝဠာရှက်လည်းရှက်စိတ်လည်းတိုသွားရသည်။ မိုးထက်ဝဠာက ဆယ်တန်းတစ်နှစ်ကျကာ၊အသက်ကြီးသော်လည်း ပိန်ပိန်ပါးပါးလေးဖြစ်ချေသည်။
ထို့ကြောင့်အတန်းထဲမှာအမြဲအစအနောက်ခံရတက်သည်။မိန်းကလေးတွေဆိုလည်းသူ့ဆိုအမြဲနောက်ကြ၏။ဒါ့ထက်ဆိုးတာက၊အတန်းမတူသောကလေးလေးက သူ့အားရည်းစားစာတွေလာလာပေးနေတာပဲဖြစ်သည်။
ထိုကောင်လေးမှာနိုင်ငံခြားသားလေးဖြစ်ကာ၊စကားအတော်လေးဝဲ၏။ဆံပင်ဝါဝါနှင့်အသားကတော့သိပ်မဖွေးချေ။ အဖေလား၊အမျိုးလားမသိသောလူကြီးကိုတော့မြင်ဖူးသည်။လူမည်းရုပ်သွင်မျိုးဖြစ်ကာအေးစက်စက်နှင့်ကြောက်ဖို့ကောင်း၏။
" မင်း စာမလုပ်ဘူးလား !"
" စာမလုပ်ချင်ဘူး! "
" အဲ့တာဆို ဘာလိို့ကျောင်းတက်နေသေးလဲ!!"
" ဝနာက ကျောင်းမှာပဲရှိတာလေ "
ထို့နောက် စာတွေအထပ်ထပ်အမြဲလိုလာပေးသည်။ကျောင်းဝန်းထဲကတွေ့သမျှပန်းတွေ၊ခွေးသေးပန်းနဲ့၊မသာပန်းပါမချန်အဲ့ကောင်လေးက 'ဝနာ့'အတွက်ဆိုပြီးယူလာပေးတက်သေး၏။
" ငါကယောကျာ်းတွေမကြိုက်ဘူး"
" tiger? ကြောက်လို့လား "
မြန်မာစကားကိုလုံးစေ့၊ပတ်စေ့နားမလည်လို့ ငြင်းဖို့အရေး၊ထိုပြင်သစ်ကပြားသေးသေးလေးအားမြန်မာစကားအရင်ပြေးသင်ပေးရသေးသည်။
တစ်နေ့တော့အဲ့ကောင်လေးဒဏ်ရာရလာ၏။ မျက်နှာတစ်ခုလုံးဖူးရောင်နေကာဒူးဆစ်တွေမှာလည်းပြဲကွဲလို့ပင်။
မိုးထက်ဝဠာ ကျောင်းစျေးဆိုင်တွင်ပလာစတာပြေးဝယ်ကာ၊ဒူးတစ်ဖက်ထောက်ထိုင်ချကာ၊ကပ်ပေးတော့ထိုကောင်လေးကသူ့ဆံပင်တွေကိုဖွသည်။
" လူကြီးခေါင်းကိုမကိုင်ရဘူး ၊အဲ့တာရိုင်းတယ် လို့သတ်မှတ်တယ် "