'' ရောက်လာပြီပေါ့ ! ''သီးသန့်ခန်းဖြစ်ကာအလုံပိတ်အခန်းမို့အအေးဓာတ်မှာအပြင်ထက်စာရင်ပို၏။ ဥက္ကာခွန်းမောင်၏အသံမှာလေအေးပေးစက်ထက်ပင်ပို၍အေးစက်နေသယောင်။
အခန်း၏ခေါင်မိုးမှမီးတွေမှာရောင်စုံတွေဖြစ်တာကြောင့် ဥက္ကာခွန်းမောင်၏ရုပ်သွင်မှာပို၍ခတ်ထန်နေခဲ့သည်။
'' မင်း ဘာလာလုပ္တာလဲ ''
မိုးထက်ဝဠာသူ၏အလုပ်ကို ခွန်းမောင်သူ့တပည့်တွေမှတဆင့်သိမည်ထင်တာကြောင့်အထူးတလည်ပြောနေခြင်းမရှိခဲ့ချေ ။
မိုးထက်ဝဠာ၏အသံမှာကြည်ကြည်လင်လင်ဖြစ်ကာ ကြားရသူအဖို့ရင်အေးစေ၏။
ဥက္ကာခွန်းမောင် မိုးထက်ဝဠာအားလူပေါင်းများစွာကတပ်မက်သောအကြည့်တွေဖြင့်ကြည့်နေသည်ကိိုတွေးကြည့်ကာသူ၏မျက်နှာပို၍ ၊ ပို၍တင်းမာလာချေသည် ။
'' တောင်နေလို့လေ! အိမ်ပြန်လိုက်လာခဲ့ ! ''
'' ခွန်းမောင် ဒါအလုပ်ချိန်! ငါ့လက်ကိုအခုလွှတ် စမ်း ''
လက်ကောက်ဝတ်မှဆောင့်ဆွဲကာ အခန်းတံခါးအားဆွဲဖွင့်လို့ ဥက္ကာခွန်းမောင်မျက်နှာထားတည်တည်ဖြင့် အပြင်သို့ဆွဲထုတ်လာ၏။
လူအများမှာထိုမြင်ကွင်းစိတ်ဝင်တစားလှည့်နေကာ တီးဝိုင်းမှာလည်းခဏတာငြိမ်သက်သွားချေသည် ။
မိုးထက်ဝဠာ၏မျက်နှာမှာနီရဲနေကာသူ၏အဝတ်တွေမှာလည်းဖရိုဖရဲမို့မြင်ကွင်းကအနည်းငယ် ထူးဆန်းနေသည်။
'' အဲ့စောက်လုံးတွေက ဘယ်ကိုလာကြည့်နေတာလဲ ဟမ်! ''
နံဘေးမှခုံအားတစ်ချက်ကန်လိုက်တဲ့အခါ ' ဝုန်း ' ခနဲအသံမှာကျယ်လောင်စွာထွက်ပေါ်လာ၏။
တချို့မှာလူမိုက်တွေဖြစ်သော်လည်း ဥက္ကာခွန်းမောင်နှင့်နောက်မှလူတစ်စုကြောင့် အန္တရာယ်ကိုကြိုမြင်စွာတစ်ဖက်သို့လှည့်သွားကြသည်။
ထိုအတိုင်းဆွဲလာပြီးနောက်ကားပေါ်ဆွဲတင်ကာ ' မောင်း ' ဟူသောခပ်ဆောင့်ဆောင့်အမိန့်သံအောက်ဝယ် ကားတန်းရှည်မှာ ဖြောင့်တန်းညီညာစွာ လမ်းမပေါ်ပြေးလွှားတက်သွားကြ၏။