အပိုင်း (၆)

233K 12.7K 3K
                                    


ဥက္ကာခွန်းမောင်၏အလုပ်သည်အတိမ်အနက်မမှန်းဆနိုင်သောချောက်နက်ကြီးနှင့်တူ၏။

မိုးထက်ဝဠာခန္ဓာကိုယ်၏နာကျင်မှုကြောင့်မှိန်းမောနေစဥ်နားထဲသဲ့သဲ့ဝင်လာသည်မှာဥက္ကာခွန်းမောင်၏ကျိန်ဆဲသံတွေသာဖြစ်သည်။

ဒီကလေးဘယ်လိုတောင်ရိုင်းစိုင်းရတာလဲ။ ဒါသူရှင်သန်ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်နှင့်လည်းဆိုင်လိမ့်မည်။

'' နိုးပြီလား ... ဖင်ကနာနေသေးလား''

ဖုန်းပြောနေရင်းပင်သူ့ဘက်လှည့်ကာမေးလာသောဥက္ကာခွန်းမောင်၏အမေးကြောင့် မိုးထက်ဝဠာ၏ပါးနှစ်ဖက်ပူတက်သွား၏။

ဖုန်းမချသေးဘူးမလား ၊ ဒီကောင်​လေးအရှက်ဆိုတာ ချ်ို နဲ့လား အမြှီးနဲ့လားဆိုတာတောင်မေးယူရမည့်ကောင်လေးတစ်ယောက်လိုပင်။

'' မင်းကိစ္စကိုအရင်ဖြတ် ... ငါ့ကိုဂရုမစိုက်နဲ့ ''

'' မနက်စာအတူတူစားမှာနော် ''

မိုးထက်ဝဠာမည်သည့်အသံမှမပြုနေတော့ပဲကျောခိုင်းလိုက်တဲ့အခါ ခြေသံမှဝေးကွာသွားကာ လသာဆောင်မှလာသောဥက္ကာခွန်းမောင်၏ အသံသည်ဝိုးတဝါးသာ ။

မျက်နှာသစ်ရန်ရေချိုးခန်းဆီဦးတည်လိုက်စဥ်အဖြစ်ပျက်တချို့ကခေါင်းထဲရိပ်ခနဲဝင်လာတဲ့အခါ မိုးထက်ဝဠာတန့်မိသွားချေသည်။

ရေချိုးခန်းထဲမဝံ့မရဲဝင်ကာတံခါးအားဂျက်ချလိုက်၏။ သွားကိုလေလိုအလျင်နှင့်တိုက်ကာမျက်နှာအားအလျင်အမြန်သစ်ကာရေချိုးခန်းတွင်းကအမြန်ထွက်လာမိသည်။

သူပြန်ထွက်လာတဲ့အထိ ဥက္ကာခွန်းမောင်ဖုန်းပြောနေဆဲဖြစ်ကာ လသာဆောင်လက်ရမ်းအားတတောက်တောက်ခေါက်နေ၏။

ကြည့်ရတာ မကောင်းတာတစ်ခုခုဖြစ်နေတဲ့ပုံပင် ။

'' အာ... ငါ့အဝတ်တွေ ...''

မိုးထက်ဝဠာ၏အဝတ်တွေမှာစုတ်ပြဲလို့ ခွေးပါးစပ်ထဲတောင်းတောင်းပန်ပန်နှင့်ဆွဲထုတ်ထားသည်နှင့်တောင်တူ၏။

ဝတ်လိုက်လို့ကတော့ ခွက်လေးတစ်လုံးရှေ့ချလိုက်လျှင် ရာဇာစုထဲကလူတွေကိုတောင်မှသူကျော်တက်နိုင်လောက်သည်။

My Creditor Where stories live. Discover now