အဝတ်အစားတွေဖရိုဖရဲဖြစ်ကုန်တဲ့အခါ လေတိုးဝှေ့ခြင်းရဲ့ အေးစက်စက်အထိတွေ့ကြောင့်မိုးထက်ဝဠာအသိစိတ်လေးပြန်ကပ်လာရချေသည်။'' မင်း ... ဗိုက်က ''
မကြာသေးခင်ကမှပတ်တီးအသစ်ကသွေးရောင်ပြန်လွှမ်းလာတာကြောင့် ဥက္ကာခွန်းမောင် မကျေမနပ်အသံပြုလာချေသည်။
မိုးထက်ဝဠာ ပတ်တီးအားကြည့်နေစဥ်ဝမ်းဗိုက်အောက်နားမှ ခပ်ဖောင်းဖောင်းအရာကြောင့်မျက်နှာမှာတဖန်နီရဲသွား၏။
'' မင်းက အမြဲတမ်းအဲ့လိုပဲ ''
'' ဘယ်တက်နိုင်မှာလည်း ဒါပါမှတော့ဒီလိုဖြစ်တာသဘာဝပဲလေ ! ''
မိုးထက်ဝဠာ ထိုအရိုင်းစိုင်းကောင်လေးနှင့်စကားဖက်ယှတ်ပြောမနေတော့ချေ။
'' ဖယ်ပေး ... ''
ဥက္ကာခွန်းမောင် ဇွဲမလျှော့ပဲပေကပ်ကပ်ဖြင့်မိုးထက်ဝဠာ၏ ရှေ့တွင်ရပ်နေ၏။
'' ပြန်ချစ်မှာလား ... ''
'' ဟင်အင်း ... ''
မေးခွန်းနှင့်အဖြေမှာ တစ်စက္ကန့်ပင်မကြာလိုက် ။ ဥက္ကာခွန်းမောင်၏ မျက်ဝန်းတွေမှာ မကြာသေးခင်ကရမ္မက်ရှိန်ကြောင့် နီရဲနေတုန်းပင်ဖြစ်ကာ အခုအခါသွေးကြောမျှင်တွေပါဖောင်းကြွလာသယောင် ။
အာရှသားကပြားမို့ဥက္ကာခွန်းမောင်၏ခန္ဓာကိုယ်မှာအလွန်ကိုကြီးမားလေသည် ။ ထောင်ထောင်မောင်းမောင်းလူကောင်ကြီးကြီးမို့ သူ၏ သွင်ပြင်မှာကြမ်းတမ်းသယောင်ထင်ရကာ အနီးကပ်သေချာကြည့်လျှင် ပြေပြစ်သော ရုပ်ဆင်းကိုမြင်တွေ့ရနိုင်သည် ။
'' ခင်ဗျားလုပ်မှ ဗိုက်ကတောင်နာလာသလိုပဲ ''
ဥက္ကာခွန်းမောင်၏အသံမှာခပ်တိမ်တိမ်ဖြစ်နေကာ မကျေမနပ်သည့်ဟန်အပြည့်ပင် ။ ရင်ဟနေသောကြယ်သီးတွေအားအပြည့်ပြန်တပ်လိုက်တဲ့အခါ ကျယ်ပြန့်သောပခုံးတွေမှာ အမြင်အာရုံမှကွယ်ပျောက်သွားခဲ့သည်။
မိုးထက်ဝဠာ ဆုပ်ကိုင်ထားမိသောခုံစွန်းလေးအားတင်းတင်းလေးညှစ်လိုက်မိသည် ။ သူ့ခေါင်းထဲအတွေးတချို့ရှိနေကာ ဘယ်သို့ထုတ်ပြောရမှန်းလည်းမတွေးတက်ချေ ။