ခွန်းမောင်၏လက်ထဲတွင် စားစရာအပြည့်အစုံနှင့် ရုပ်ရှင်မပြခင်၊မိန်းကလေးတချို့၏အကြည့်တွေမှာထိုကောင်တွေးထံတွင်သာရှိနေ၏။ရုပ်ရှင်စတာနှင့် တစ်ရုံလုံးမှောင်မိုက်သွားကာ၊ဖန်သားပြင်မှပြန်သည့်အလင်းသာရှိနေလေသည်။ ခွန်းမောင်နှင့်ဝဠာ့ထိုင်ခုံသည် နောက်ဆုံးမို့အလင်းပြန်သည့်အရှိန်မှာအားနည်း၏။
အေးစိမ့်နေသည့်ဓာတ်နှင့်၊တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင်၊ရုပ်ရှင်၏ပြကွက်တွေမှာစီးမျောချင်စဖွယ်။ခွန်းမောင်ကတော့ရုပ်ရှင်အားတစ်ချက်ကြည့်လို့ပြီးနောက်နှုတ်ခမ်းတွန့်ကာ၊ခေါင်းအားမိုးထက်ဝဠာဘက်လှည့်လိုက်သည်။
ဘာတွေကကြည့်ကောင်းနေလို့လဲ!။ဒီကောင်ကြီးအတွက်ကတော့ဝနာဟာအလှပဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းပြရုပ်လေးပင်။ ကြည့်မဝ။ရူမဝ။ငေးလို့မောလို့မဝ။
" ငါ့ကို ပေါက်ပေါက်ဆုပ်ပေးအုံး "
ဝဠာရုပ်ရှင်ကိုအာရုံရောက်နေသည်မို့လက်အားခွန်းမောင်၏ပေါက်ပေါက်ဆုပ်ထားသည့်နေရာအားနှိုက်လိုက်သည့်အခါ ဇဝေဇဝါဖြစ်သွားရသည်။
ပေါက်ပေါက်ဆုပ်ကပြောင်းဖူးပြန်ဖြစ်သွားတာတော့မဖြစ်နိုင်ပါချေ ။ သူကိုင်မိထားသောအရာမှာ မီးကျီခဲနှယ်ပူပြင်းကာမာတောင့်တောင့်ဖြစ်နေသည်မို့။
" ..... "
" အဲ့တာပေါက်ပေါက်ဆုပ်မဟုတ်ဘူးဝနာ ! အပေါက်လေးနဲ့စုပ်တဲ့ဟာ! "
" ဘာ ... ဘာလို့ နေရာရွေ့ထားတာလည်း ငါက... ငါက တကယ်ပေါက်ပေါက်ဆုပ်တောင်းတာကို! "
" တကယ်ကြီး မောင့်ပေါင်ကြားထဲက ပေါက်ပေါက်ဆုပ်ကိုစားချင်နေတာလား!"
ဝနာပေါက်ပေါက်ဆုပ်ဘူးအားဆက်ခနဲဆွဲယူကာရုပ်ရှင်ဆီအာရုံပြန်စိုက်လိုက်ချေသည်။ သို့သော်လည်း နားရွက်နှင့်ပါးပြင်တွေမှာပူလာလို့၊နေရထိုင်ရလည်းခက်ခဲလာ၏။ စိတ်အာရုံလေးဟာခပ်ဝေးဝေးလေးပြေးထွက်သွားပြီးကြည့်ကောင်းတဲ့ရုပ်ရှင်ဟာလည်းစိတ်လှုပ်ရှားစရာမကောင်းတော့သလို။