မိုးထက်ဝဠာပခုံးတွေတသိမ့်သိမ့်တုန်လာတဲ့အခါ မေးရိုးမှနာကျင်မှုသည်လျော့သွားကာထွေးပွေ့ခံလိုက်ရ၏။" ငါတောင်းပန်ပါတယ် ... "
မိုးထက်ဝဠာအနေနှင့်ပြောနိုင်သည်မှာထိုမျှလောက်သာဖြစ်ချေသည်။သူအထပ်ထပ်တောင်းပန်ရင်တောင်မရောင့်ရဲသလိုမျိုးအခေါက်ခေါကအခါခါပြောမိနေ၏။
" အစကတော့ မုန်းတာပေါ့ ။ အဆုံးကျတော့လည်းချစ်မိသွားတာပဲ။မိုးမမြင်လေမမြင်အထိ "
ဆိုးရွားတဲ့အမှတ်တရတွေဆိုရင်တောင်မမေ့ဖျောက်ပစ်ရက်လို့ဝေဒ နာပေါင်း များစွာခံစားရင်းချစ်ခဲ့ရတဲ့လူ ။ ဘယ်လိုလုပ်ပြီးနာကျင်အောင်လုပ်ရက်မည်နည်း ။
နှစ်ဦးသားတစ်ညတာကိုအတူကုန်ဆုံးဖို့တိုင်ပင်ပြီးတာနှင့်တပည့်တွေအားကားတစ်စီးသာချန်ထားစေခဲ့ကာပြန်ရန်အချက်ပြလိုက်၏။
ကစားကွင်းနှင့်မနီးမဝေးတွင်အချိုရည်ပေါင်းဆိုင်များစွာရှိကာအယ်ကိုဟောအသင့်တင်ပါဝင်သည့်အချိုရည်တွေလည်းဝင်လေသည်။
ကလေးငယ်တွေနှင့်အမျိုးသမီးတွေအတွက်တော့အကန့်သတ်ရှိကာအရွယ်ရောက်ပြီးသားလူတွေအတွက်တော့မည်သည့်ယာမကာမျိုးဆိုဝယ်ယူသောက်သုံးခွင့်ရှိ၏။
" ဝနာဘာသောက်မလဲ "
မိုးထက်ဝဠာ၏မျက်လုံးတွေမှာနီရဲမို့အစ်နေတုန်းဖြစ်ကာ၊ရောင်စုံမီးရောင်အောက်ဝယ်မို့မို့ဖောင်းဖောင်းလေးဖြစ်နေလေသည် ။ ခွန်းမောင်ပြုံးကာ အရောင်းဝန်ထမ်းလေးအားသင့်တော်မည့်အမျိုးအမည်တစ်မျိုးသာမှာလိုက်ချေသည် ။
" ဒါက အယ်ကိုဟော ပါဝင်မှုနည်းတယ် "
တစ်ခါသုံးခွက်လှလှလေးနှင့်ထည့်ထားလို့လားမသိပေမဲ့အဆင်းအချင်းကတော့အတော်လေးလှပ၏။
သူ့အတွက်ညပေါင်းများစွာကြုံကြိုက်ခဲ့ဖူးသော်လည်းခွန်းမောင်နှင့်အတူရှိခဲ့ဖူးသောညတွေကတော့ပို၍လှပနေသလို။အချိုရည်သောက်ပြီးတဲ့အခါ မိုးထက်ဝဠာ၏မျက်နှာမှာပို၍နီမြန်းလာလေသည်။ မြင်ကွင်းတွေမှာအနည်းငယ်ဝါးတားတားရှိလာသော်လည်းခေါင်းခါကြည့်လျှင်တော့လူလုံးကွဲနေသေး၏။