အသိစိတ်မဲ့နေသည့်ကိုယ်အားကုတင်ပေါ်အသာတင်ရင်း မှန်တင်စားပွဲရှိဖုန်းအားဆွဲယူကာ နံပါတ်တစ်ခုဆီဆက်သွယ်လိုက်ချေသည်။ခေါ်ဆိုမှုပြုသည့်အသံမှာနှစ်ချက်ပင်မမြည်လိုက်ရပဲတစ်ဖက်မှတုန့်ပြန်သံချက်ချင်းထွက်ပေါ်လာ၏။
'' ဘောစ့် ဒဏ်ရာရ.... ''
'' -ိုးနေတုန်း သတိလစ်သွားတာ စိုးရိမ်ရလား စိုးရိမ်ရတယ်ဆိုအခုလာခဲ့! ''
ဂိုဏ်းဆရာဝန်မှာကြောင်အလို့ ပြောစရာစကားကိုအမြန်ရှာလိုက်ရသည်။ တစ်ဖက်လူ၏စကားကြောင့် စကားတွေပင်ထုတ်ပြောဖို့ခက်ခဲသွား၏။
ဖုန်းအားနားနှင့်ခဏခွာလို့တံတွေးတစ်ချက်မြိုချကာ အသက်ကိုပြင်းပြင်းရူလိုက်မိသည်။
'' ဘောစ့်အဲ့လိုလုပ်ရင်း သတိလစ်တာက နှစ်မျိုးရှိပါတယ် ၊ တစ်မျိုးက ဘော့စ်ဒဏ်မခံနိုင်လို့ တစ်မျိုးကတော့ ကောင်း...ကောင်းတော့ ဦးနှောက်သာယာမှုဒဏ်ကိုမခံနိုင်ပဲ သတိလစ်သွားတာမျိုးပါ...''
ဥက္ကာခွန်းမောင်လည်ချောင်းသံဖြင့်သာ'အင်း'သံပြုလိုက်ကာဖုန်းအားမှန်တင်ခုံပေါ်ပစ်တင်လိုက်ချေသည်။
ဗလာနထ္တိကိုယ်ဖြင့်ကုတင်ပေါ်ရှိလူမှာတော့ တိုးညှင်းသောညည်းသံညုတုတုဖြင့်နွံနစ်နေတုန်းပင်။
မိုးထက်ဝဠာသည် သမာရိုးကျဆန်သောလူတစ်ယောက်သာဖြစ်သည်။ ဘဲဥသဏ္ဍာန်မျက်နှာကျနှင့်နှာတံချွန်ချွန်၊ နှုတ်ခမ်းဖူးဖူး သူ့တစ်ကိုယ်လုံးတွင်စွဲမက်လောက်စရာအလှတရားဟူ၍မရှိ။
ပြောရလျှင်အမှောင်လောကတွင်ရှိသောအလှမယ်တွေမှာမိုးထက်ဝဠာထက်အစပေါင်းများစွာလှပ၏။
မိုးထက်ဝဠာဟာအသားဖြူလို့ကိုယ်သွယ်တာလွဲရင်သာမာန်ကာလျှံကာယောကျာ်းချောချောတစ်ယောက်ပင်ဖြစ်သည်။
ဒါပေမဲ့ ဥက္ကာခွန်းမောင်အတွက်တော့ ဖြည်မရသောကြိုးတစ်ချောင်းလိုမျိုး၊ရုန်းလေနစ်လေသဲနွံလိုမျိုး သူ့အားဆွဲငင်ထားခဲ့သည်။
သေးသွယ်ကာပိန်လှီသည့်ကိုယ်အားရင်ခွင်တွင်းပွေ့ဖက်လို့ ၊ နှုတ်ခမ်းဖူးဖူးတွေအား အချိန်တိုင်းငုံထွေးထားချင်မိသည်။