သောကြာနေ့ဖြစ်ကာဆိုင်တွင်လူအတော်လေးကျ၏။ မိုဟာမတ်ထံဖုန်းဆက်သွယ်ခဲ့ပေမဲ့ကိုင်ခြင်းမရှိတာကြောင့်မိုးထက်ဝဠာတစ်ယောက်တည်းအရူးမီးဝိုင်းပင်။အကြင်သူမရှိသောကာလတစ်ပတ်လုံးမိုးထက်ဝဠာအန္တရာယ်ကင်းကင်းနေနိုင်နေခြင်းကကံကောင်းခြင်းတော့မဟုတ်။ အနီးနားတွင်အချိန်ပြည့်ရှိနေတက်သောခွန်းမောင်၏လူတွေကြောင့်ပင်။
" ဟူး ~ "
ဆိုင်ပိတ်ချိန်ရောက်တာနှင့်အပြေးလေး CLOSE စာတန်းလေးဘက်ကိုပြေးပြောင်းလိုက်ရသည်။ သူတကယ်ကိုပင်ပန်းနေပြီမို့လက်ချောင်းလေးတောင်မှမလုပ်ချင်တော့ချေ ။
ညနေ၅နာရီလောက်တွင်ဟာမတ်ထံမှဖုန်းခေါ်လာ၏။ သူ၏အသံမှာအလောတကြီးမို့၊ဆူပူရန်ပြောဖို့အတွက်စီထားသည့်ဝဠာ့စကားတွေပင်ပျောက်ကွယ်သွားရသည်။
" မဒမ် ။ သစ်သီးခြံဘက်ကိုခဏလာလို့ရမလား အရေးကြီးတယ်! "
" အာ ... ပိုက်ဆံရော "
" ယူလာခဲ့ရင်ပိုကောင်းတာပေါ့! "
ပြင်သစ်၏နွေဦးရာသီမှာအလွန်လှပ၏။ ကုတ်အရှည်အားအပေါ်မှကသောကမျောထပ်ဝတ်ကာ၊ဒေါ်လာမနည်းမများပမာဏလောက်ထည့်လို့သစ်သီးခြံဘက်သို့ခြေဦးတည်လိုက်သည်။
.~
စိတ်ထဲတွင်မိုဟာမတ်၏နံဘေးလူမိုက်ပေါင်းများစွာဖမ်းချုပ်ထားသည့်မြင်ကွင်းအားကြိုတင်တွေးလာသော်လည်းသစ်သီးခြံတွင်ငြိမ်သက်နေဆဲ။
တကယ်တော့အဲ့လိုဖြစ်စရာကလည်းအကြောင်းသိပ်မရှိလှ။ဟာမတ်မှာလိုင်စင်မဲ့အသိမ်းခံထားရသည့်လူမိုက်ကုဂိုဏ်းသားဆရာဝန်တစ်ယောက်ဖြစ်ကာလူကောင်ကြီးကြီးမို့ဆယ်ယောက်တစ်ယောက်ပင်ဖြုံမည့်ဟန်မပေါ်ချေ။
သစ်သီးသံမှာလူအနည်းငယ်သာရှိကာ၊ပတ်ဝန်းကျင်မှာအလွန်ကိုငြိမ်သက်၏။စပျစ်၊လိမ္မော်၊မက်မွန်၊စတဲ့အပင်တွေမှာရောင်စုံမီးပွင့်လေးတွေမှာမှိန်ဝါးဝါးဖြင့်တောက်ပနေ၏။
" တဆိတ်လောက် ၊ ကော်ဖီလေးသောက်သွားပါအုံး "
ဆံဝါအမျိုးသမီးငယ်လေးမှာတောက်တောက်ပပပြုံးပြကာ၊လက်တွင်းသို့ကော်ဖီခွက်လေးထည့်ပေးကာတခြားသူတွေနှင့်ရယ်ရယ်မောမောအနားမှထွက်ခွာသွားလေသည်။