အပိုင်း(၂၉)

134K 7.7K 1.3K
                                    


ရေချိုးထဲရှိမျက်နှာသစ်ဘေစင်တွင်ခြေတွဲလောင်းချထိုင်ကာ၊ခွန်းမောင်၏ခါးအားခွလို့ အမွှေးရိတ်ခရင်မ်ဖုံးလွှမ်းထားသောမျက်နှာသို့ထိတွေ့ကာပြုံးနေသည်အားမရပ်တန့်နိုင်။

   " အမွှေးတွေထူလာလိုက်တာ "

မိုးထက်ဝဠာ၏စကားအားခွန်းမောင်ကအရေးမစိုက်ဟန်ပြုကာသူ၏ နှာဖျားဖြင့်မိုးထက်ဝဠာ၏နှာဖျားလေးအားပွတ်သပ်ကာဆို၏။

" လမ်းတွေတောင်လူသွားလာနည်းရင်မြက်ဖုတ်တွေထူနေသေးတာကို။မောင်လည်းအဲ့လိုပဲလေ "

အမွှေးရိတ်ဓားကိုင်ထားရင်းမိုးထက်ဝဠာမျက်မှောင်ကြုတ်လိုက်မိသည်။
သူအမွှေးထူတာနဲ့မြက်ဖုတ်နဲ့ဘာဆိုင်လို့လဲ။

    " မြန်မာပြည်ပြန်ချင်လားဝနာ "

" မင်းရော... "

" ဝနာသဘောပဲ ။ ဘယ်ဘုံဌာနေဖြစ်ဖြစ်ဝနာရှိရင် မောင်ကနေတယ်"

အမွှေးမျှင်တွေရိတ်သိမ်းလိုက်တဲ့အခါခတ်ထန်သောအသွင်ပြင်နှင့်ခြားနားစွာလေးနက်ခိုင်ခံ့သောရုပ်သွင်မှာပေါ်လွင်လာသည်။ မျက်ဝန်းတွေမှာပို၍တောက်ပလာသယောင်။

မျက်နှာပြင်အားရေဖြင့်သန့်စင်ပေးပြီးနောက်တွင်၊မေးဖျားလေးအားအသာယာငုံ့နမ်းလိုက်၏။ ကော့တက်သွားသောနှုတ်ခမ်းလေးတွေမှာ ရင်ခုန်သံအားမြန်စေ၏။

  " မနက်​ဖြန် Private Jet နဲ့မြန်မာပြည်ပြန်ကြမယ်  "

                                ~

လေယာဥ်မှအဆင်းတွင်ပန်ကာလေ၏အရှိန်ကြောင့်လူသံတွေပင်မသဲကွဲပဲလေရှိန်ဖြင့်လူပင်လွင့်ထွက်မတက်။ ခွန်းမောင်၏ကျယ်ပြန့်ထဲလက်တွေကြားတင်းတင်းလေးဆုပ်ကိုင်ခံထားရကာ ပတ္တမြားရောင်ကော်ဇော်အတူလျှောက်လှမ်းရင်းနံဘေးတွင်တော့ အနက်ရောင်ဝတ်စုံလူတွေမှာတန်းစီလို့ရပ်နေ၏။

သူတို့အတူတွဲလျှောက်လာသည်နှင့်ခလုတ်နှိပ်လိုက်သည့်နှယ်တန်းစီဦးညွှတ်လို့ကြိုဆိုကြပုံကြောင့် မိုးထက်ဝဠာအနေရခက်စွာခြေလှမ်းပင်တန့်သွားသေးသည်။

နေရာမှထွက်သည့်အခါ အသင့်စောင့်ကြိုနေသောကားနက်အပေါ်ခွန်းမောင်မှာအသင့်တံခါးဖွင့်ပေးရင်းပြီးနောက်တခြားဘက်မှာဝင်ထိုင်လေသည်။

My Creditor Where stories live. Discover now