ဥက္ကာခွန်းမောင် အောက်ထပ်သို့ဆင်းသွားတဲ့အခါမှ မိုးထက်ဝဠာ သူပြုံးနေမိမှန်းသတိထားမိချေသည်။ ဒီကြားထဲသူတို့သိပ်နီးစပ်ခဲ့ကြမှန်းတွေးမိတဲ့အခါ၊ထပ်မပြုံးမိပဲမနေနိုင်ပါချေ ။မိုးထက်ဝဠာအိမ်ပြန်ရန်ပြင်ဆင်ကာ၊အောက်ထပ်သို့ငုံ့အကြည့်၊ခွန်းမောင်၏နောက်တွင်ရပ်နေသောတပည့်တစ်တန်းနှင့် လူမည်းအမျိုးကြီးနောက်တွင်လည်း လူမည်းအချို့တန်းစီရပ်နေကြ၏။
ထိုလူမည်းမှာခွန်းမောင်၏ဦးလေးဖြစ်ကာမှတ်ဥာဏ်တစ်ခုတည်းတွင်တော့ဝေဝေဝါးဝါးတည်ရှိနေသောလူတစ်ယောက်ပင်ဖြစ်သည်။ဝဠာအထဲသို့ပြန်ဝင်မည့်ခြေလှမ်းအပြင်တွင်ထိုလူမှာမော့ကြည့်လာရင်းမျက်မှောင်ကြုတ်သွား၏။
ကျောရိုးတလျှောက်အေးစိမ့်သွားကာ၊ကြောက်ရွံ့မှုကြောင့်ဝဠာ့မျက်တောင်ရှည်တွေတုန်ယင်လာခဲ့သည်။ နည်းတူပင်ခွန်းမောင်ဟာလည်းမော့ကြည့်လိုက်ခိုက်နှုတ်ခမ်းတွန့်ရုံ့လေးပြုံးပြလာသော်လည်းတရေးတယူဆန်လွန်းသည်။
ထိုအမျိုးသားဘက်မျက်နှာရိပ်ပြကာခွန်းမောင်မတ်တပ်ရပ်လို့အပေါ်ထပ်သို့တက်လာ၏။ တဖြေးဖြေးချင်းပင်၊နီးကပ်လာလေ၊ဝဠာ့စိတ်ထဲစိုးထိတ်လာလေလေပင်။
" အောက်ဆင်းခဲ့လေ "
" ငါ ... "
" ကြောက်လို့လား! မကြောက်ပါနဲ့ ဒီကောင်တစ်ကောင်လုံးရှိနေတာကို!"
ခွန်းမောင်သူ့ရင်ဘက်သူရိုက်ပြကာ၊ခပ်မော့မော့ဆို၏။သူ၏အမူယာမှာကလေးကလားဆန်လွန်းတာကြောင့်ဝဠာရယ်ချင်လာသည်။
" တော်ပါ ~ ငါစိတ်ညစ်ရတဲ့ ထဲ မင်းတစ်မျိုး! "
ခွန်းမောင် ဝဠာ့ဆံပင်တွေအားဆွဲဖွကာခပ်သော့သော့လေးပြုံး၏။ ထိုအပြုံးမှာအလွန်အမင်းယောကျာ်းဆန်မှုတွေပါဝင်ကာ၊ ညှို့ငင်မှုအပြည့်။
ရုတ်တရက်ဆက်ခနဲပွေ့ ချီလိုက်တာမို့၊မိုးထက်ဝဠာခွန်းမောင်ပခုံးထက်တွင်မှောက်လျက်ကြီးပါသွားရချေသည်။
တင်ပါးတွေပေါ်လက်ဝါးကြီးအုပ်လို့တင်းတင်းဆုပ်ထားတာကြောင့်ဝဠာမရုန်းရဲပါချေ။