ခွန်းမောင်ကိုပြတင်းပေါက်မှပြန်တွန်းထုတ်ပြီးနောက်၊ တံခါးအားပိတ်ချလိုက်သည်။ မျက်နှာတပြင်လုံးနီရဲနေကာ၊နှစ်ဦးသားလက်တည့်စမ်းထားသည့်အရှိန်တွေကလည်းကျန်နေသေးတာမို့၊ခြေခွင်ယိုင်သွားသည်။ဝဠာတံခါးအားကျောမှီရင်း၊ခွန်းမောင်မပြန်သေးမှန်းခန့်မှန်းမိ၏။ ခွန်းမောင်ကတည်းဝဠာ့လိုတံခါးအားကျောမှီကပ်ထားသည်။
" မနက်ဖြန် မောင့်မာမီနဲ့ဒယ်ဒီသေတာ ၁၇ နှစ်ပြည့်ပြီ ဝနာ... "
ဝဠာ့မျက်တောင်စွန်းလေးတွေလှုပ်ခတ်သွားချေသည်။ တိုက်ဆိုင်မှုလော၊ ဖြစ်နိုင်မည်မထင် ၊ ခန့်မှန်းမိတဲ့ခံစားချက်မှာအနည်းငယ်ပင်ထိတ်လန့်ချင်လာမိသည်။
" ဝဠာ မအိပ်သေးဘူးလား "
" ကျွန်တော်အပေါ့ထသွားတာအဖေ ၊ အိပ်တော့မှာ!"
ခြေသံမှာဝေးကွာသွားတဲ့အခါ၊ဝဠာတံခါးချပ်အားဆွဲဖွင့်လိုက်တဲ့အခါ၊ထိုကောင်လေးမရှိတော့ချေ။ လမ်းချိုးထဲကွေ့ဝင်သွားသောခါးဖင်ပိုင်းကိုသာခပ်ဝေးဝေးမြင်တွေ့လိုက်ရ၏။
လွန်ခဲ့သောနှစ်တွေက အဖြစ်ပျက်များစွာရှိခဲ့ဖူးသည်။ ကိစ္စတစ်ခုနှင့်မိသားစုတွေများစွာပျက်စီးခဲ့ရတာမို့၊သူပြန်မတွေးချင်ချေ။
ထိုအခိုက်တန့်ဝယ်... ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်၏ အမုန်းမျက်ဝန်းတွေအားသူတွေ့ခဲ့ဖူးကာ၊အမြဲလိုခြောက်လှန့်ခဲ့သောအိပ်မက်တွေ၏အရှင်သခင်မှာထိုမျက်ဝန်းတစ်စုံသာဖြစ်ခဲ့သည်။
...... ......
ဝဠာစက်ဘီးအားလမ်းကွေ့ထဲချိုးဝင်လိုက်သည်နှင့် ခွန်းမောင်တို့၏တပည့်တွေနှင့်အရင်တွေ့လိုက်ရသည်။
" မဒမ် ဘောစ့်က..."
ဝဠာ မျက်နှာနီကာ၊မျက်ခုံးတွန့်တော့ထိုစကားဝဲဝဲလူမှာတန့်သွား၏။ သို့ပေမဲ့ဝဠာဘာကြောင့်ဒေါသထွက်သွားမှန်းသူမသိပါချေ။
" ငါ သူနဲ့ခဏ တွေ့ချင်လို့..."
" ဘောစ့် နေမကောင်း... "
" ဘာဖြစ်တာလဲ! ရန်ပွဲကဒဏ်ရာလား!ငါ့ကိုမနေ့ကဘာမှပြောမသွားပဲနဲ့! "