「Warrning: ကြမ်းတမ်း၊ရိုင်းစိုင်းတဲ့အပြော၊အဆို၊တွေပါဝင်တာကြောင့်အဆင်ပြေမှဖတ်စေလို」
........
သူ့အနောက်ကနေအမြှီးလေးလိုကပ်ပါလာတဲ့ခွန်းမောင်ကိုဝဠာခေါင်းခေါက်ချင်သည်။ တကယ်တော့အနှီဂျပန်ခေါင်းဆောင်ဆိုသူ၏အေးစက်စက်အကြည့်တွေကြောင့်လည်းသူထိုနေရာကပြေးထွက်လာချင်မိတာဖြစ်၏။
တပည့်တွေနှင့်ကျန်ခဲ့သောဂျပန်ခေါင်းဆောင်ကတော့၊ခပ်ကျယ်ကျယ်ကျိန်ဆဲကာထွက်ခွာသွားပြီဖြစ်သည်။
" ဝနာ ... ဘယ်နားကအဆင်မပြေဖြစ်လို့လဲ "
မေးသံမှာတယုတယ။ဝဠာမှန်စားပွဲပေါ်တင်ပါးလွှဲထိုင်ရင်းဘေးပတ်ဝန်းကျင်ကိုမငြီးမငြူထပ်မံကြည့်မိပြန်သည်။
ဒီအခန်းကတကယ်ကိုပဲ....။
" မင်းလူသတ်ဖူးလား ခွန်းမောင် "
ခွန်းမောင်ခဏတော့အမူယာတွေရှုပ်ထွေးသွားကာ ၊ သူ့ဘေးလာကပ်ထိုင်၏။
" ဘယ်လိုအဖြေမျိုးလိုချင်လို့လဲ "
" အမှန်တိုင်း "
" မောင့်အတွက်အမှန်တရားဆိုတာ၊ဝနာစိတ်ချမ်းသာဖို့လောက်အရေးမပါဘူး "
မိုးထက်ဝဠာမျက်နှာကိုတစ်ဖက်သို့လွှဲချလိုက်မိသည်။ သေချာပေါက်ကိုခန့်မှန်းမိနေသော်လည်း၊အဖြေမှန်ကိုသိချင်နေပြန်သည်။
" လူမိုက်ဖြစ်သွားတာမင်းအပြစ်မဟုတ်ပေမဲ့ ၊ လူသတ်သမားဖြစ်ရင်တော့မင်းအပြစ်ပဲခွန်းမောင် "
" မောင်က အပြစ်သားပါ "
" ဒါဆို မင်း! "
" မောင်သတ်ခဲ့တာသေသင့်တဲ့လူတွေပဲဝနာ၊ မဟုတ်ရင် သူတို့နေရာမှာမောင်ဖြစ်နေပြီးအခုလောက်ဆိုအရိုးဆွေးနေလောက်ပြီ "
လေထုမှာခဏတော့ငြိမ်သက်သွားကာ၊တီးတိုးပွတ်တိုက်မိတဲ့အသံတွေပါထင်ထင်ရှားရှားကြားရတဲ့အထိငြိမ်သက်သွားခဲ့၏။
ခွန်းမောင် ရှေ့သို့တစ်လှမ်းလျှောက်ကာ၊ဝဠာရှေ့တွင်ရပ်လိုက်သည်။
" အခု မောင့်ကိုကြောက်လား "
ဝဠာမဖြေမိပါချေ၊ကြောက်နေတာမှန်သော်လည်း၊အဖြေအားသူရေရေရာရာမသိ။