အပိုင်း ( ၇)

209K 12K 1.9K
                                    

အဲ့နေ့ကတည်းကပဲ ဥက္ကာခွန်းမောင် နှစ်ရက်တိတိပျောက်နေခဲ့ပြီး သူရှေ့ထပ်မပေါ်လာခဲ့ချေ ။

'' ဝဠာ... ''

'' ဟင်... ကိုနိုင်ဦး ''

ကိုနိုင်ဦး၏မျက်နှာမှာ ချဉ်တင်တင်မျက်နှာပေးဖြစ်ကာ မျက်နှာချိုသွေးရန်သူ၏သွားတွေအားအစွမ်းကုန်လစ်ဟပြထား၏။

'' တီးဝိုင်းထဲပြန်ဝင်ပါလား ငါ့ညီရာ ဧည့်သည်တွေက မင်းကိုပဲမေးနေကြတာကွ ''

'' ကျွန်တော်.... ''

'' အဖွဲ့သားတွေကလည်းမင်းကိုတောင်းပန်ချင်နေကြတာပါ ''

နိုင်ဦး၏စကားကြောင့်မိုးထက်ဝဠာ မျက်ဝန်းတွေမှာအနည်းငယ် ပြူးကျယ်သွားကာမယုံနိုင်ဖြစ်သွားလေသည်။

မိုးထက်ဝဠာ၏အလုပ်မှာ ဘားတစ်ခု၌ဖျော်ဖြေရေးဝန်ထမ်းဖြစ်ကာ ၊ အဖွဲ့လိုက်ဖျော်ဖြေရခြင်းဖြစ်၏။

လူလေးယောက်အနက်မိုးထက်ဝဠာသည်အဆိုနှင့်ဂစ်တာပိုင်းတွင်တာဝန်ကျသောသူဖြစ်ချေသည်။

သိပ်မကြာခင်ကဖြစ်သွားသောပြသနာတစ်ခုတွင်အချင်းချင်းသဘောထားကွဲလွဲမှုတွေဖြစ်ကာ,မိုးထက်ဝဠာကိုယ်တိုင်နုတ်ထွက်ခဲ့ခြင်းပင်။

'' ကျွန်တော်...ပြန်လာခဲ့မယ် ကိုနိုင်ဦး... ''

နိုင်ဦးမျက်နှာမှာရွှင်ပျသွားကာ,စကားတွေရွှန်းရွှန်းဝေအောင်ပြောပြီးနောက် ကားမောင်းကာပြန်ထွက်သွားလေသည်။

အခန်းထောင့်တွင်အိတ်ဖြင့်သေချာထုတ်ပိုးထားသောဂစ်တာအားထုတ်ကာလျော့ရဲနေသောကြိုးတွေအားစတင်ညှိကာ တစ်ချက်ဆွဲချလိုက်တဲ့အခါ 'ဒင်...' ခနဲအသံမှာထွက်ပေါ်လာချေသည်။

ဂစ်တာကိုရင်ခွင်တွင်းပိုက်ရင်း မှီငြိမ်းကာမျက်ဝန်းကိုမှိတ်လိုက်တဲ့အခါ သူ၏ပုံစံမွာ သနားချင့်စဖွယ်။

ညပိုင်းတီးဝိုင်းအတွက်ဘာသီချင်းဆိုရမလည်းတွေးတောနေစဉ် အာရုံထဲသို့သီချင်းတစ်ပုဒ်မှာအပြေးအလွှားဝင်ရောက်လာချေသည်။

>>>>>> >>>>>

ရောင်စုံမီးဆိုင်းများအောက်ဝယ် မိုးထက်ဝဠာ၏ပုံသဏ္ဍာန်မှာရှင်းသန့်ကာ တည်ငြိမ်နေ၏။

My Creditor Where stories live. Discover now