Warning:If the words in this section are harsh, skip them
......
မိုးထက်ဝဠာ ရေချိုးခန်းထဲမှ ပြန်ထွက်လာတဲ့အခါ ဥက္ကာခွန်းမောင်ကုတင်ပေါ်တွင်ပလက်လှဲနေ၏။ ရင်ထဲတထိတ်ဖထိတ်ဖြင့်နေရခက်နေသေးကာ ပူပူနွေးနွေးအချိန်မို့မျက်နှာချင်းလည်းမဆိုင်ချင်သေးပေ ။
ခြေလှမ်းတွေအား အပြင်ဘက်သို့ဦးတည်လိုက်စဥ်လှဲနေသောလူမှာခေါင်းထောင်လာ၏။
'' အဲ့တာဘယ်လဲ ''
'' အပြင် ''
'' အခုပြန်လှည့်လာမှာလား မလားဘူးလား! ''
'' မလာဘူး ''
'' ခင်ဗျားမလာရင် ကျုပ်လာမယ်! ''
ဥက္ကာခွန်းမောင်၏စကားအားအဖက်မလုပ်ဟန်ဖြင့် တံခါးဘုအားဆွဲလှည့်နေတုန်းနောက်မှခြေသံကြောင့်လှည့်ကြည့်လိုက်စဥ်လူတစ်ကိုယ်လုံးမြောက်တက်သွားသည်။
ဥက္ကာခွန်းမောင်၏လက်မောင်းသားဆွေမှာတင်းရင်းမှုရှိကာ ယောကျာ်းဆန်သောကိုယ်အနံ့လည်းရှိ၏။
ထိုအနံ့မှာဖော်ပြရန်ခက်ခဲကာ, သူမတူသောအနံ့ပြင်းပြင်းတစ်မျိုးလည်းဖြစ်သည်။
ဥက္ကာခွန်းမောင် မိုးထက်ဝဠာအားဆွဲပွေ့လိုက်သည်မှာ လေလိုပင်ပေါ့ပေါ့ပါးပါးဆန်လေသည်။
'' ငါ့ကိုအခုပြန်ချပေးစမ်း ''
'' စိတ်ပူမနေနဲ့ ချမှာ! ''
'' ဥက္ကာခွန်းမောင်! ''
ကုတင်ပေါ်ပစ်ချလိုက်တဲ့အခါ 'အင့် 'ခနဲပင်အသံထွက်သွားရချေသည်။ ပခုံးနှစ်ဖက်ဘေးသို့ လက်တွေထောက်ရင်းအုံ့မိုးလာတဲ့အခါ ကိုယ်ငွေ့ချင်းပင်နီးကပ်နေသယောင်။
စူးစူးဝါးဝါးအကြည့်တွေမှာ အသက်ရူပြွန်တွေကိုပါကြုံ့ဝင်သွားစေမတက်ပင်။ ဥက္ကာခွန်းမောင်ဟာသားရဲလိုပင်၊သူ၏စိတ်မှာအစိုးမရချေ ၊ အခုလည်းစားမတက် ဝါးမတက်ကြည့်နေရင်းခေါင်းကိုငုံ့ချကာနှုတ်ခမ်းထက်ဖွဖွလေးနမ်းရိူက်လာပြန်သည်။
'' အားနေရင်လည်း အကြွေးဆပ်!''
ထို့နောက် မိုးထက်ဝဠာ၏ နှုတ်ခမ်းသားတွေပေါ်သူ၏ နှုတ်ခမ်းသားတွေဖြင့်ဖိကပ်ကာ ၊ ရူးရူးမူးမူးနမ်းရိူက်နေ၏။