* Extra တွေသည်အစဥ်လိုက်မဟုတ်နိုင်ပါ။ *~
ကားတန်းသည်အဝေးပြေးလမ်းမထက်မြှားဦးတစ်စင်းနှယ်လျင်မြန်သောအရှိန်ဖြင့်ပြေးလွှားနေ၏။ လက်နက်အရောင်းအဝယ်ကိစ္စမှာအနည်းငယ်အလျင်စလိုဖြစ်နေကာ၊နိုင်ငံရေးအကြီးအကဲတွေပါ၊ပါဝင်ပတ်သက်နေခြင်းကြောင့်ဥက္ကာခွန်းမောင်ကိုယ်တိုင်ဦးစီးလိုက်လာရသည်။
" ဘောစ့် ဒေါက်တာ ဟာမတ် ဆီကဖုန်းလာတယ် "
" လွှဲလိုက် "
ကားတွင်းထိုင်နေသောခွန်းမောင်မှာ ခြေချိတ်ထိုင်နေရင်းပေါင်ပေါ်တွင် Laptop အားတင်ကာ၊နားတွင်းမှEarphone အားတစ်ချက်ဖိလိုက်၏။
" ဘောစ့် မနက်ကတည်းက ကိုဝဠာ့အခန်းကိုတံခါးခေါက်တာမရသေးဘူး"
သော့ပိုတွေရှိသည့်တိုင်ဘောစ့်ထံမှခွင့်ပြုချက်မရပဲလည်းအခန်းတွင်းဝင်ရောက်ရဲတဲ့သတ္တိမရှိကြပါချေ ။
" ကားကိုချက်ချင်းပြန်လှည့်.. !"
ကျွီး ...!!
ရှေ့တည့်တည့်မှကားသည်ရုတ်ချည်းရပ်တန့်လိုက်တာကြောင့်နောက်မှကားတန်းသည်၊တစ်ကားဖင်တစ်ကားပြေးနမ်းမိမတက်ဖြစ်ကုန်၏။ Earphone မှတဆင့်အကျိုးအကြောင်းပြောပြီးနောက်တွင်ကားတန်းမှာညီညာကျွမ်းကျွင်စွာ'ဂငယ်' ကွေ့ဖြင့် ခရီးသုံးချိုး၊တစ်ချိုးမှနေပြန်လှည့်ကြရတော့သည်။
~
" သော့ပေး! "
ကားတံခါးကိုပင်ပြန်မစေ့အားပဲခြေလှမ်းကျဲတွေဖြင့်အိမ်ထဲဝင်ရောက်လာရင်းလက်ဝါးဖြန့်လိုက်တဲ့အခါ သော့မှာလက်တွင်းတန်းရောက်လာလို့ အခန်းရှိရာဆီအလျင်အမြန်ပြေးတက်သွား၏။
အခန်းတံခါးသည်ပွင့်ဟသွားချေသည်။တပည့်တသိုက်မှာအပြင်တွင်ရပ်နေကြပြီးနောက်အခြေအားလေ့လာကြသည်။
" ဟာမတ် ဝင်ခဲ့ "
" ကိုယ်တွေတအားပူနေတယ် "