" ပါဆယ်ရောက်ပါပြီ "
မှန်အထူသားဖြင့်လုပ်ထားသောဆိုင်လေး၏တံခါးအားတွန်းဖွင့်လိုဝင်လာသောလူမှာပိန်ပါးကာဖြူဖွေးသောအသားရည်နှင့်သူ၏အပြုံးလေးမှာလည်းဖော်ရွေဟန်။
" ကျသင့်ငွေပါ ။ ကျေးဇူးတင်ပါတယ်"
ဆိုင်ထဲပြန်ဝင်လာတဲ့အခါမိန်းကလေးတချို့၏အကြည့်တွေမှာလူငယ်နောက်ကပ်လျက်ပါလာကာမြင်ကွင်းမှပျောက်ကွယ်သွားတဲ့အခါ တီးတိုးစကားသံတွေနှင့်သူတို့မျက်နှာထက်တွင်လည်းပြီတီတီအပြုံးတွေနှင့်ပင် ။
' FoR YoU Cafe Shop' မှာလွန်ခဲ့သောနှစ်ဝက်ခန့်ကဆောက်လုပ်ရေးစတင်ခဲ့ပြီးယခုနှစ်စပိုင်းတွင်စတင်ဖွင်လှစ်သော်လည်းအရောင်းအားကတော့အင်မတန်ကောင်းသည်။
Sunday တစ်ရက်ဆိုဆိုင်ရှင်ချောချောလေးမှကိုယ်တိုင်ဂစ်တာတီးဆိုဖျော်ဖြေတာကြောင့်ထိုရက်များဆိုဆိုင်ပြင်အထိခုံတွေချမလောက်ပါချေ။
ဆိုင်၏အဓိကရောင်းကုန်မှာပေါင်မုန့်နှင့်ကိတ်မုန့်ဖြစ်ကာ၊ဆိုင်အပြင်ဆင်မှာနိုင်ငံခြားအငွေ့အသက်တွေအပြည့်ဖြစ်ကာ၊တစ်စုံတစ်ယောက်ကိုစောင့်မျှောနေကြောင်း၊လွမ်းဆွတ်နေကြောင်းသီဆိုထားသော ပြင်သစ်ဘာသာသီချင်းသံအားအမြဲတမ်းဖွင့်ထားတက်သည်။
ဆိုင်မှာမှန်လုံဖြစ်တာကြောင့်အပြင်မှအသံတွေအားရေရာစွာကြားရခြင်းမရှိပဲ၊ စားပွဲတွေအားပွတ်တိုက်သံ၊ကော်ဖီဖျော်စက်မှထွက်သည့်အသံပြီးနောက်မုဒ်ကောင်းကောင်းဖြင့်သီဆိုနေသောပြင်သစ်အဆိုတော်၏လွမ်းဆွေးဖွယ်သီချင်းသံတို့ဖြင့်ကော်ဖီခါးခါးတစ်ခွက်အားကိုင်ထားရင်ပင် တစ်စုံတစ်ယောက်အားသတိရတမ်းတစေ၏။
' နွေရာသီရောက်ခဲ့ပြီ ဒါလင်ရေ
ဆောင်းဦးရာသီမှာ မင်းထွက်သွားတည်းကပူလောင်ခြင်းနဲ့ငါအသားကျပြီးသားပါ'
" မှန်ပြတင်းပေါက်နားကကောင််မလေးငိုနေပြီ မဒမ် "
ဟာမတ်၏စကားကြောင့်ဖုတ်ထားပြီးသားပေါင်မုန့်ပူပူတွေအားပန်းကန်ပေါ်တင်နေရင်းတချက်ကြည့်လိုက်တော့မှန်အားခေါင်းမှီရင်းမိန်းကလေးတစ်၏မျက်ဝန်းတွေမှာနီရဲနေလေသည်။