မိုးထက်ဝဠာ နိုးလာတဲ့အခါ မနက်၇နာရီပင်ဖြစ်နေပြီဖြစ်သည်။သူ့ဘေးတွင်အိပ်စက်နေသောလူငယ်မှာ အိပ်မက်ကမ္ဘာထဲလက်ပစ်ကူးခတ်နေသယောင် ။
စေးကပ်သောအရည်တွေမှာခြောက်သွေ့သွားတဲ့အခါ တင်စိုင်နှစ်ဖက်နှင့်အရည်တွေစီးကျထားသောပေါင်နှစ်ချောင်းမှာပူးကပ်နေကာ မိုးထက်ဝဠာ စပ်ဖျင်းဖျင်းပင်ခံစားလိုက်ရသည် ။
မနေ့ညက အရိုးကြေကြေအရည်ခမ်းခမ်းလူးလှိမ့်ခဲ့ကြတာဖြစ်လို့သူ့ကိုယ်တွင်ခွန်းမောင်၏ကိုယ်ရနံ့တွေမှာစွဲကပ်နေသည်။ မိုးထက်ဝဠာ၏အရိုးတွေမှာပျော့ခွေနေသယောင်ထင်ရကာနည်းနည်းလေးတောင်မှမလှုပ်ရှားချင်ပေ။
ဝဠာ၏လှုပ်ရှားမှုတွေကြောင့်ခွန်းမောင်နိုးလာကာ အိပ်မှုန်စုံမွှား မျက်ဝန်းတွေဖြင့်စိုက်ကြည့်နေသည်။ ပြီးနောက်ကိုက်ရာတွေဖြင့်နီ ၊ ညို စုံနေသောအမှတ်ရာတွေအားကြည့်ကာကျေနပ်ပြုံး, ပြုံးသည်။
'' ငါ့ကို ရေချိုးခန်းထဲလိုက်ပို့ပေး ''
ခွန်းမောင် မတ်တပ်ရပ်ကာပျင်းကြောဆန့်လေသည်။ အတွင်းခံဘောင်းဘီတိုတစ်ထည်တည်းဝတ်ထားသောကိုယ်မှာအဖုအထစ်ဗလတို့ဖြင့်ကြည့်ကောင်းနေကာ အကြောဆန့်လိုက်တဲ့အခါ ကြွက်သားတွေမှာတင်းကျကာ ပို၍ယောကျာ်းဆန်သောအသွင်ဖြစ်သွားလေသည်။
ခွန်းမောင် ဝဠာ့အားပွေ့ချီကာရေချိုးခန်းထဲရှိကန်ထဲအသာချပေးကာသွားတိုက်တံထဲသွားတိုက်ဆေးပါထည့်ပေးလိုက်သည်။
'' ငါ့ကိုခေါ်သွားမယ်ဆိုတာ ဘယ်ကိုလဲ ''
" လုပ်ငန်းခွင်ထဲကို "
" မင်းအလုပ်ထဲငါကဘာလိုက်လုပ်ရမှာလည်း ခွန်းမောင် ။ အပိုတွေမလုပ်နဲ့"
" အပိုဆိုလည်းလုပ်ရမှာပဲ ၊ မဟုတ်ရင်ခင်ဗျားက အဲ့အလုပ်ကိုထပ်သွားအုံးမယ် ၊အလကားလူကိုသဝန်တိုအောင်!"
မိုးထက်ဝဠာရေချိုးကန်ထဲနှာခေါင်းတစ်ဝက်မြှုတ်ထားရင်း ခွန်းမောင်စကားတွေကိုမကြားဟန်နေနေပေမဲ့ ရင်ခုန်သံတွေကတော့ညာလ်ို့မရချေ။
" ငါ ငါ့အဖေကိုသွားတွေ့အုံးမှာ "
ခွန်းမောင် " အင်း " ဆိုသောအသံသာတုန့်ပြန်ပေးလိုက်ပြီး ဝဠာ၏ကိုယ်အားသန့်စင်ပေးနေသည်။