လှည့်ဘီးကိုအရစ်ကျဖွင့်လှည့်လိုက်တဲ့အခါကျောက်ပြားချပ်သဖွယ်နီရံမှာ ဝေါခနဲအသံနဲ့ပွင့်ဟသွားချေသည်။ဥက္ကာခွန်းမောင် ၊မိုးထက်ဝဠာရဲ့လက်ဖဝါးကိုဆုပ်ကိုင်ပြီးအတွင်းဘက်ထဲဝင်လိုက်တယ်ဆိုရင်ပဲမှောင်မည်းနေသောအခန်းမှာမီးတွေလင်းထိန်လာခဲ့သည်။
တန်းစီထားသောပစ္စည်းတွေကိုမြင်တဲ့အခါမိုးထက်ဝဠာမျက်လုံးမပြူးပဲမးနေနိုင်ချေ၊သူအံ့သြတကြီးခွန်းမောင်ထံမော့ကြည့်လိုက်တဲ့အခါခွန်းမောင်ကလည်းသူ့အားငုံ့ကြည့်နေခဲ့သည်။
" တကယ်သေနတ်တွေလား! "
ခွန်းမောင်၊ဝဠာ့ရဲ့နဖူးထက်ဖွဖွလေးခေါက်ရင်း
" မဟုတ်ဘူး ၊ပွဲစျေးတန်းမှာရောင်းတဲ့အတုလေးတွေ"
အမျိုးအစားအစုံလင်၊ဆိုဒ်မျိုးစုံဖြင့်မျက်စိတစ်ဆုံးသေနတ်ဂိုထောင်အားကြည့်ကာမိုးထက်ဝဠာမအံ့သြပဲမနေနိုင်။
" နိုင်ငံခြားမှောင်ခိုစျေးကွက်မှာတော့မောင်တို့လုပ်ငန်းကနာမည်ကြီးပဲ"
ခွန်းမောင်မှာကြွားသလို၊ဂုဏ်ယူသလိုလေသံမှာဝဠာ့ထံမှချီးကျူးခံချင်နေသည့်နှယ်။
မိုးထက်ဝဠာကတော့ခွန်းမောင်၏လုပ်ငန်းအတိမ်အနက်ကိုမခန့်မှန်းနိုင်သော်လည်းလက်နက်မှောင်ခိုသွင်းသည့်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်လို့တော့ဘယ်တုန်းကမှမတွေးမိခဲ့ချေ။
သူဖွင့်ထားသောငွေချေးလုပ်ငန်း၊လောင်းကစားဝိုင်းတွေမှာလည်းအနှီလုပ်ငန်းနှင့်စပ်ဆက်လုပ်ငန်းတွေသာဖြစ်၏။
ခွန်းမောင်သေမလိုဒဏ်ရာတွေရရလာတက်တာသိပ်တော့မဆန်းကြယ်တော့သလို။
" အန္တရာယ်များမှာပဲ၊ဘာလို့ဒီအလုပ်,လုပ်တာလဲ"
ဂိုထောင်မှာနံရံထပ်ထပ်ဖြင့်၊လွန်စွာလုံခြုံ၏။ အတွင်းပိုင်းမီးရောင်တွေမှာထိန်လင်းလျက်၊အခန်း၏အအေးဓာတ်မှာလည်းပုံမှန်ပင်ဖြစ်သည်။
အတွင်းပိုင်းတွင်မှန်စားပွဲတစ်စုံရှိကာ၊အရှည်အမျိုးအစားဖြစ်၏။ ခွန်းမောင်မိုးထက်ဝဠာအားခုံတွင်ထိုင်စေကာအပေါ်ဖုံးကိုချွတ်လိုက်သည်။