မိုးထက်ဝဠာခွန်းမောင်၏လက်မောင်းတွေကြားနိုးထလာပြီးနောက်ယမန်နေ့ညကအဖြစ်အပျက်ကြောင်းတွေးတာနှင့်တဝီဝီလည်ထွက်သွားကာ ကုတင်ပေါ်မှပြေးဆင်းရန်ပြင်တော့သည်။သန်မာသောလက်မှာ၊သူ့အားပြန်ဆွဲယူကာရင်ခွင်ပြန်သွင်း၏။ ကိုယ်သင်းရနံ့အားတိုက်ရိုက်ရူရိူက်ပြီးနောက်၊ဝဠာပို၍၊ပို၍ပင်ရှက်သည်းလာမိသည်။
သာယာမှုကြားနစ်မြုတ်ရင်းခွန်းမောင်၏ကြီးမားထူထဲသောအရာအားဝင်ရောက်လာပေးရန်၊ငိုယိုတောင်းဆိုခဲ့သောလူမှာသူမဟုတ်သလိုမျိုး။
" ငါ ... သွားစရာရှိလို့ ... "
" မနေ့ညက တအားကြမ်းထားတာလေ၊ဘယ်လိုလုပ်ပြီး သက်သောင့်သက်သာရှိမှာလဲ ၊ မသွားနဲ့အုံး "
သူမေ့ချင်ယောင်ဆောင်ထားကာမှ၊မီးမောင်းထိုးပြသလိုမျိုးသတိလာပေးတဲ့ခွန်းမောင်ကြောင့်ဝဠာအံကြိတ်လိုက်မိသည်။
" ဒီနေ့ မောင့်အန်ကယ်လာမှာ "
ခွန်းမောင်၏ဦးလေးကလူမည်းလူမျိုးဖြစ်ကာ၊ဒုစရိုက်လောကမှအနားယူထားတာပြီဖြစ်သည်။သို့ပေမဲ့သူ့အရှိန်အဝါကလည်းခပ်ပေါ့ပေါ့တော့မဟုတ်ချေ။ လောကမှလူသာထွက်သွားပေမဲ့နာမည်ကတော့ကျန်နေဆဲ။
ဝဠာက စိတ်ထဲထင့်နေတာကြောင့်၊ပြန်ရန်ပြောသော်လည်း၊ခွန်းမောင်ကတော့တဇွတ်ထိုးပြန်မလွှတ်ပါချေ။
ရင်ခွင်တွင်းမျက်နှာအပ်ထားရင်း၊ဝဠာ့ဆံပင်တွေအားဆော့ကစားနေသည်မှာပျော်ပျော်ရွှင်ရွှင်။
တစ်ခါတလေကျတော့လည်း၊ သည်ကောင်လေး၏အပြုမူလေးတွေကညင်သာသလို၊တစ်ခါတလေကျရင်လည်းသိပ်ကိုသားရဲဆန်သည်။
မနေ့ကလိုမျိုးအခြေနေမျိုးနဲ့သည်ကောင်လေးကိုဝဠာထပ်မမြင်ချင်ပါချေ။
" ဝနာ ... အနာဂတ်မှာ လုပ်ချင်တာရှိလား ၊ စီးပွားရေး ၊ ဒါမှမဟုတ် ၊ တစ်ခုခု "
ခွန်းမောင်၏အသံမှာအလွန်ကိုညင်သာကာအားဖျော့၏။ ဝဠာမော့ကြည့်ခိုက်ဝယ်အပြုံးနုနုလေးတည်ရှိနေကာ၊ပြတင်းပေါက်မှန်မှဖောက်ဝင်လာသောနံနက်ခင်းရောင်အောက်ဝယ် ထိုကောင်လေး၏အပြုံးတွေမှာ၊တမျိုးတမည်သောခံစားချက်ကိုပေးစွမ်းလေသည်။