ဂိုထောင်နဲ့ ၊နားနေဆောင်ကတဝန်းတည်းဆိုပေမဲ့လမ်းလျှောက်ရသေးတယ်။ ဝဠာ့ကိုဒူးခေါက်လျှိုပွေ့ချီရင်း၊အပေါ်ဖုံးနဲ့ဖုံးပေးထားတာကြောင့်၊အလိုက်သိတဲ့တပည့်တွေကတော့မျက်နှာကိုတခြားဘက်လွှဲသွားကြရှာသည်။ဘောင်းဘီကိုအတွင်းခံမဝတ်ပဲ၊ဇစ်ဆွဲတင်လာတာမို့၊ခါးပတ်,မပတ်ထားတဲ့အခါဘောင်းဘီကအနည်းငယ်ချောင်ချိနေပြီး၊ အမွှေးမျှင်လမ်းကြောင်းအထက်ပိုင်းကိုမြင်တွေ့နေ၏။
" ဘယ်သွားနေတာလဲ ဟင် "
ဝဠာ့အသံမှာမိုင်ကုန်ပြေးလွှားထားရသလိုမျိုးဖျော့တော့နေကာ၊အားအင်မဲ့လျက်။ခွန်းမောင်ရဲ့လက်မောင်းတွေထဲအလိုက်တသင့်ပါလာချေသည်။
" မောင့် နားနေအိမ်လေ ၊ အခုတော့မောင်တို့နှစ်ယောက်ရဲ့နားနေအိမ်ပေါ့"
ထိုစကားမှာအနည်းငယ်တော့၊ထူးဆန်းသယောင်ယောင်။ Face Scan ဖတ်ပြီးနောက်တံခါးချပ်မှာ 'တင်!'ခနဲအသံဖြင့်ပွင့်ဝသွား၏။
အတွင်းပိုင်းရှိလေထုမှာအလွန်သက်သောင့်သက်သာဖြစ်ကာ၊ပြောင်ရှင်းသပ်ရပ်နေလေသည်။
" ပြင်သစ်ကဒီဇိုင်နာကို၊မောင်ကိုယ်တိုင်အပ်ထားတာလေ၊ မြေအောက်ခန်းလည်းရှိသေးတယ် "
ခွန်းမောင်တို့၏အသိုင်းမှာဟိုးယခင်ကတည်းက၊ဒုစရိုက်နှင့်မကင်းရာမကင်းကြောင်းတွေဖြစ်ကာ၊ခွန်းမောင်၏အဖေနှင့်အမေကလည်း၊ဒီအလုပ်ကြောင့်သေဆုံးခဲ့တာဖြစ်ကြောင်းနားစွန်နားဖျားကြားဖူးသည်။
ခန့်မှန်းလို့မတက်အောင်ချမ်းသာသောလူတွေမှာလည်း၊သူ့အပူနှင့်သူပင်။ခွန်းမောင်၏သွင်ပြင်မှာသိပ်ကိုကြမ်းကြုတ်ကာ၊အမြဲတစေသတိကပ်နေတက်ပြီး၊သူ၏မျက်ဝန်းတွေမှာလူတိုင်းအပေါ်ကိုသံသယအပြည့်နှင့်ပင်။
" ဘာစားချင်လည်း ဝနာ"
" ဘာမှမစားချင်ဘူး "
" မောင် နဲ့တင်ဗိုက်ပြည့်သွားတာလား"
ပူပူနွေးအခိုက်တန့်ကိုတွေးမိပြီးနောက်ဝဠာမရှက်ပဲမနေနိုင်ပါချေ။ ခေါင်းအုံးထက်မျက်နှာဖွက်လိုက်တဲ့အခါရယ်သံသြသြကိုကြားလိုက်ရပြန်သည်။