'' ငါ အိမ်ပဲပြန်လိုက်မယ် ခွန်းမောင် ''
ကားပေါ်ကမဆင်းပဲ မိုးထက်ဝဠာပြောသောစကားကြောင့် ဥက္ကာခွန်းမောင်မျက်မှောင်တွေကုတ်သွားပြန်သည်။
စိတ်အလိုမကျတိုင်း ရူးရူးနှမ်းနှမ်းတွေလုပ်တက်လွန်းပြီး မပြောရဲသောစကားတွေလည်းမရှိချေ ။
'' ကျုပ်ဆီမှာနေတော့ရော ဘာဖြစ်မှာမို့လဲ ''
'' ဘာမှတော့ မဖြစ်ဘူးလေ ဒါမဲ့... ''
ဖြစ်ခဲ့တာတွေနဲ့ဆက်လျဥ်းလို့သူဥက္ကာခွန်းမောင်နှင့်မျက်နှာချင်းမဆိုင်ချင်သေးပေ။ အခြေနေတွေကဒီလိုသာဖြစ်မလာလျှင် သူတခြားမြို့နယ်တွင်ရက်ပိုင်းလောက်နေထိုင်ဖို့တွေးထားပြီးသားပင် ။
ကိုယ်ငြင်းထားတဲ့ လူတစ်ယောက်ဆီမှာအလီလီအဖန်ဖန်ကျရှုံးထားပြီးပြီမို့ ဒီမျှလောက်နဲ့သာလုံလောက်ပြီလို့သူထင်သည်။
သူ့ကိုငြင်းခဲ့ခြင်းကြောင့်ဥက္ကာခွန်းမောင်အနေနဲ့သူ့ကို နောင်တရစေချင်တာမျိုး ၊ အရှက်ရစေချင်စေမျိုးဆိုရင်လည်း လုံလောက်နေပြီဖြစ်သည်။
'' ပိုက်ဆံမရမချင်း အဲ့ကောင်တွေက ခင်ဗျားကို ပြသနာရှာတာရပ်မယ်များထင်နေတာလား! ''
'' ငါ... ငါထွက်ပြေးမှာပေါ့ ''
'' ဘာနဲ့လည်း ကျုပ်ကိုပြောပါအုံး အဲ့ခြေထောက်တိုတိုလေးတွေနဲ့လား !''
ဥက္ကာခွန်းမောင်မှာမိုးထက်ဝဠာ၏ခြေထောက်တွေအားလက်ညှိုးညွှန်ပြလို့ခနဲ့တဲ့တဲ့ဆိုလေသည်။
မိုးထက်ဝဠာ ပြောစရာစကားပင်မရှိတော့ပဲ ' မင်း ' ဆိုတဲ့စကားအပြင်လည်းထပ်မပြောတက်တော့ချေ။
မိုးထက်ဝဠာ အိမ်ကြီး၏ဧည့်ခန်းတွင်ထိုင်လို့သာလက်သည်းဆိတ်နေမိသည်။
လွန်ခဲ့သောနှစ်တွေကိုပြန်တွေးကြည့်ပါလျှင်သူ့ဘဝဟာအေးချမ်းနေခဲ့တာပင်။ကံကြမ္မာမုန်တိုင်းကြားကျိုးပျက်ခဲ့တဲ့ဘဝတွေဖြစ်သွားတဲ့အခါ သူ့မယ်ဆုံးရှုံးစရာတွေချည်းပင်။
'' ဘောစ့် သူ့ကိုအခန်းသပ်သပ်ပြင်ပေးလိုက်ရမလား ''
ကတုံးနှင့်လည်ပင်းတွင်တက်တူးအပြည့်နှင့်လူမှာဥက္ကာခွန်းမောင်နားကပ်လို့ ခပ်ရို့ရို့လုပ်ကာ မေးလိုက်စဥ် ဥက္ကာခွန်းမောင်၏အကြည့်စူးစူးကြောင့်တန့်သွားကာ