ကားပေါ်မှနေတလျောက်မြင်ကွင်းမှာဆိတ်ငြိမ်လျက်ပင်။ ခွန်းမောင်အသံတိတ်နေသလိုမျိုးဝဠာမှာလည်းမည့်သည့်စကားမှမဆိုချေ။" စိတ်ဆိုးနေတာလား "
ခွန်းမောင်၏အသံမှာပျော့ပျောင်းကာနူးညံ့၏။သူ၏သွင်ပြင်မှာကြမ်းတမ်းသော်လည်း မိုးထက်ဝဠာအတွက်ဂိတ်ကုန်နူးညံ့ထားသည့်နှယ် ။
မိုးထက်ဝဠာ ညအမှောင်ရှိလင်းလင်းထိန်နေသောကစားကွင်းအားငေးကာခေါင်းခါလိုက်ချေသည်။ စကားရန်စိတ်မပါသလိိုမျိုးအမူယာမျိုးဖြစ်ကာ၊စိတ်နှင့်လူနှင့်လည်းကပ်မနေချေ ။
" ဝနာကဗျာ ။ လူကိုပစ်ထားပြန်ပြီ!"
" မင်းဘာဖြစ်နေတာလည်း ခွန်းမောင်"
" အချစ်ခံချင်နေတာ "
ကားမောင်းနေသောလူမှာမှန်တွင်းမော့မကြည့်ပဲတောင်သူ၏ဘောစ့်၏ချွဲနွဲ့သည့်အမူယာအားမြင်ယောင်မိကာခေါင်းကြိမ်းမိသွားသည် ။
မိုးထက်ဝဠာ၏အကြည့်မှာမှန်လုံဖြင့်လည်ပတ်နေသောရဟက်ယာဥ်ဆီသာတဝဲဝဲလည်နေကာ၊ကားမှန်အားနဖူးဖြင့်မှီလို့စိုက်ကြည့်နေလေသည်။
" ကားရပ်လိုက် "
ခွန်းမောင်၏ကားရပ်သွားသည်နှင့်အမြှီးတစ်ချောင်းလိုကပ်ပါလာသောကားတန်းရှည်မှာလည်းတန်းစီညီညာစွာပင်ရပ်တန့်သွားချေသည် ။
မိုးထက်ဝဠာခွန်းမောင်အားလှည့်ကြည့်နေစဥ်ထိုကောင်လေးမှာဆင်းသွားလို့မိမိဘက်မှကားတံခါးအားဖွင့်ကာလက်ကမ်းလာချေသည် ။
လက်ဖဝါးကျယ်ကျယ်။ ရင်ခွင်ကျယ်ကျယ်။အနွေးထွေးဆုံး။အလုံခြုံဆုံး ပြီးတော့ သူ့ကိုအချစ်ဆုံး။
လက်ဖဝါးကျယ်ထဲလက်တန်းမထည့်ပဲမော့ကြည့်လိုက်တော့အကြည့်ချင်းဆုံဆည်းရလေသည်။ အမှောင်ယံထဲပတ်ဝန်းကျင်မှအလင်းကြောင့်နေရာတဝှိုက်မှာမှောင်မနေခဲ့သည့်တိုင်၊ဝဠာ့အတွက်တော့မည်းနက်နေသောမျက်လုံးအိမ်နှင့်ခပ်ဝါးဝါးအနောက်တိုင်းသားကပြားလေး၏ အကြည့်လေးမှာအရာအားလုံးထက်ပင်လင်းလတ်နေခဲ့သည်။