အခန်း (၂) - တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ
Day (3) - အဆက်
ဘေးအခန်းမှာ Daehyun ကနိုးနေပြီ… Himchan မရှိတာနဲ့ အချောင်ခိုပြီး မနက်မပြေးတော့ဘူး… ဧည့်ခန်းမှာထိုင် မနက်စာစားရင်း သီချင်းနားထောင်နေတုန်း ပြတင်းပေါက်အပြင်မှာ ပေါလော ပေါလော ပေါ်နေတဲ့ ခေါင်းတစ်လုံးကို တွေ့ရတယ်… Daehyun ခမျာစားနေရင်းနဲ့ နင်ပြီးသီးသွားတယ်… ချောင်းတောင် အသံထွက်အောင် မဆိုးရဲဘူး… တော်သေးတာက မှန်တွေက အပြင်ကနေ မမြင်ရတဲ့မှန်တွေမို့လို့ပေါ့…
“ဘာလဲဟ… သိသွားပြီလား??? မြန်လိုက်တာ…” Daehyun ကတွေးတယ်… လင်းလင်းတစ်ယောက် ပြူးပြဲပြီး မြင်ရအောင် အမျိုးမျိုး လက်တွေနဲ့ ကာပြီး ကြည့်လိုက် မျက်နှာနဲ့ မှန်နဲ့ ကပ်ပြီးကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာကို အတွင်းကနေ ထိုင်ကြည့်နေတဲ့ Daehyun ကတော့ ရယ်ရလွန်းလို့ အူတက်နေပြီ…
နောက်ဆုံး မမြင်ရတော့ လင်းလင်းလည်း လက်လျော့ပြီး အိမ်ထဲ ပြန်ဝင်သွားတယ်… သူ့အိမ်တံခါးမကြီးကို ဖွင့်ထားပြီး ခုံတစ်လုံးနဲ့ကို ထိုင်ပြီးတော့ စောင့်ကြည့်နေတယ်… တစ်ယောက်ယောက်ထွက်လာတာ ဖြစ်ဖြစ် ၀င်သွားရင် ဖြစ်ဖြစ် မြင်ရအောင်လို့ စောင့်ဖမ်းနေတာ… ဘယ်လောက်ဇွဲကြီးလည်းဆိုတော့ နေ့လည်စာ စားချိန်ရောက်တော့ ဗိုက်ဆာတာတောင် မစားပဲစောင့်နေတာ… နောက်တော့ မနေနိုင်တာနဲ့ ပန်းကန်ကိုင်ပြီး အိမ်ပေါက်ဝမှာ ထိုင်စားနေရှာတယ်… အဲ့လောက် ဇွဲကြီးတာ…
စားပြီးနောက် လမ်းလျှောက်တဲ့ အနေနဲ့ Daehyun တို့ အိမ်ရှေ့ပြန်လာပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်ပြန်တယ်…
ဒီအချိန် Daehyun က ဧည့်ခန်းမှာ Laptop တစ်လုံးနဲ့ထိုင်ပြီး သီချင်းအသစ်အတွက် inspire ဖြစ်နိုင်မယ့် အရာတွေကို စဉ်းစားနေတယ်… ပြတင်းပေါက်နားမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ မြင်လို့ ကြည့်လိုက်တော့ လင်းလင်း ဖြစ်နေတာတွေ့ရပြန်ရော… “ဒီကလေးမကတော့ လာချောင်းပြန်ပြီ” ဆိုခါ ဘယ်လို သူ့ကို နောက်ရမလဲ စဉ်းစားတယ်… “သိပြီ” ဆိုပြီး သူ့အခန်းထဲ ၀င်သွားခါ သရဲ မျက်နှာဖုံးတပ်ပြီး ထွက်လာတယ်…
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)