Day (27)
မနက်ရောက်တော့ ညကတိုင်ပင်ထားတဲ့အတိုင်း himchan က ajusshi ဆီဖုန်းဆက်ပြီး daehyun နေမကောင်းကြောင်း အမြန်လာခဲ့ဖို့ အကြောင်းကြားလိုက်တယ်... ဒါနဲ့ ajusshi လည်း မေသူတို့ဆီ သွားနေရာကနေ လမ်းတ၀က်နဲ့ လှည့်ပြီး himchan နဲ့ daehyun တို့ဆီကို အလောသုံးဆယ် ရောက်ချလာတယ်...
"ရုတ်တရက်ကြီး ဘာဖြစ်ကြတာလဲကွာ? Daehyun ဘယ်မှာလဲ?" ajusshi က အိမ်ပေါက်ဝမှာ စောင့်ကြိုနေတဲ့ himchan ကို အထိတ်တလန့်နဲ့ လှမ်းမေးတယ်...
"သူ ဗိုက်ထဲက အောင့်ပြီး နာနေတယ်ပြောတယ်... အခု သူ့အခန်းထဲက ကုတင်ပေါ်မှာ လှဲနေတယ်..." himchan က ပြန်ဖြေရင်း ajusshi ကို daehyun အခန်းထဲ ခေါ်သွားတယ်...
အခန်းထဲမှာ ဟန်ဆောင်ကောင်းတဲ့ daehyun က ခွေခွေလေး လှဲနေပြီး ဗိုက်လေးကို ဖိထားခါ မျက်နှာက ရှုံ့မဲ့မဲ့လေး လုပ်ပြနေတယ်... ပါးစပ်ကလည်း "နာလိုက်တာ... နာလိုက်တာ..." နဲ့ အော်နေတယ်... အမှန်က သူဗိုက်နာတာထက် ဗိုက်ဆာနေတာ... မနေ့ညကတည်းက သူ့စကားအတိုင်းသူ ဘာမှ မစားပဲ ဖျော်ရည်တွေပဲ သောက်သောက်နေတာလေ...
"သူ ဘာမတည့်တာတွေ စားထားသေးလဲ? အရက်တွေ ဘာတွေကို သောက်ထားသေးလား?" ajusshi က မေးတယ်...
"အရက်မသောက်ပါဘူးဗျာ... သူမှ မသောက်တတ်ပဲ... ပြီးတော့ မိုးလင်းတည်းက ဘာမှ မစားရသေးဘူး... စားလို့ မ၀င်ဘူးတဲ့..." himchan က ပြန်ဖြေတယ်...
"yahhh... ထူးထူး ဆန်းဆန်းပဲ... ဒါဆို ငါတို့ သူ့ကို ဆေးခန်းခေါ်သွားရအောင်..." ဆိုခါ ajusshi က daehyun ကိုတွဲထူရင်း ခေါ်သွားတော့ himchan လည်း နောက်က လိုက်သွားလိုက်တယ်...
ဆေးခန်းရောက်တော့ himchan က အပြင်မှစောင့်နေတယ်... အခန်းထဲကိုတော့ ajusshi လိုက်သွားတယ်... ဆရာဝန်က စစ်ကြည့်တော့ ဗိုက်ထဲမှာ အဆာမရှိလို့ ဗိုက်အောင့်နေတာ ဖြစ်မှာပါတဲ့... အေးရော... ဒါနဲ့ ajusshi က ဆရာဝန်ရှေ့မှာတင် daehyun ကို ထဆူတယ်...
"မင်းက ဘာကိစ္စ မစားမသောက်ပဲ နေနေရတာလဲ? ဆန္ဒပြတာလား ဟမ်???"
"မဟုတ်ပါဘူးဗျာ... ကျွန်တော် မနေ့က အစာမကြေလို့လားမသိဘူး အန်တယ်... ဒါနဲ့ ထပ်စားဖို့ စိတ်မရှိတော့တာ... ကိုယ့်ဒုက္ခကိုရှာပြီးတော့ ကျွန်တော်က ဆန္ဒပြမလားဗျ... ကျွန်တော့် အကြောင်းလည်း သိသားနဲ့..." daehyun က ajusshi ယုံအောင် လိမ်ပြောလိုက်တယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)