Day 15 (Cont.)
လင်းလင်း ခန်းမထဲက ထွက်သွားတာကို Daehyun လှမ်းမြင်လိုက်ရတယ်... သူထုတ်ဖော်ပြမိတာ နည်းနည်း များသွားပြီလားလို့ တွေးမိရင်း လင်းလင်းတစ်ယောက် သူ့ကိုရှောင်နေမှာ၊ သူနဲ့ စကားမပြောတော့မှာ ဒါမှမဟုတ် သူ့ကို စိတ်ဆိုးသွားမှာကို ကြောက်နေမိတယ်...
ခဏနေတော့ ကွန်ပေါင်းထဲက အရိပ်ကောင်းတဲ့ သစ်ပင်ကြီး တစ်ပင်အောက်မှာရှိတဲ့ ခုံတန်းလေးဆီကို မိဖြိုးနဲ့ Himchan တို့ လမ်းလျှောက်သွားနေကြတယ်... မိဖြိုးက Himchan ရဲ့vocal နဲ့ Piano လက်သံကို ချီးကျူးရင်း Himchan က ရှက်ရှက်နဲ့ မိဖြိုးမြှောက်ပေးတာကို သဘောကျရင်းနဲ့ပေါ့... ခုံတန်းပေါ်မှာ ထိုင်လိုက်ပြီး ရှေ့က ကွင်းပြင်မှာ ကလေးတွေ ပြေးလွှား ဆော့ကစားနေတာကို ကြည့်နေကြတယ်...
"oppa... တစ်ခု မေးစရာရှိလို့... မေးလို့ရမလား?" မိဖြိုးက စပြောတယ်...
"မေးလေ ဖြိုး... ဖြေလို့ရတာဆိုရင် ဖြေမှာပေါ့..."
"Daehyun က Baby Baby သီချင်းကို ဘယ်သူ့ကို ရည်စူးပြီးဆိုတာလဲဟင်?" လို့ မေးတော့...
"အော်... ဒါလား... ဟားဟား... ပြောသင့်လား မပြောသင့်လား oppa လည်း မသိဘူး... ကာယကံရှင်က အချိန်တန်မှ သူ့ဘာသူ ဖွင့်ပြောတာပဲ ကောင်းပါတယ်လေ..." လို့ himchan ကပြုံးစိစိနဲ့ ပြန်ပြောလိုက်တယ်...
"oppa ကလည်း ဒါလေး ပြောလိုက်လို့ ဘာဖြစ်သွားမှာ ကျနေတာပဲ... ဒါဆို သူကြိုက်နေတဲ့ သူတော့ ရှိတယ်ပေါ့?" လို့ မိဖြိုးက မေးပြန်တယ်...
"အင်း... ဆိုပါတော့..." himchan အရှေ့ကို မျက်နှာမူ ထားပေးမယ့် စပ်ဖြီးဖြီး ဖြစ်နေတုန်းပဲ...
"သူကြိုက်နေတဲ့ သူကို ဖြိုးသိလား???" မိဖြိုးက အတင်းလိုက်မေးတယ်...
"အင်း... သိတယ်ပဲ ထားပါတော့..." ဆို himchan က ဖြိုးမျက်နှာကို အကဲခတ်ကြည့်ရင်းပြောတယ်...
"ဒါဆို အဲ့တစ်ယောက်က ကိုရီးယားကလား? ဘယ်ကလဲ?" မိဖြိုးက အားတက်သရော ထပ်မေးတယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)