Day (18)
Daehyun တွေးတာမှန်ပါတယ်... လင်းလင်း ဒီနေ့ fan sign ကို လိုက်စရာမလိုဘူး... တစ်ယောက်ထဲ တာဝန်ယူလို့ရတဲ့အတွက် မေသူပဲ လိုက်သွားတယ်... ဒါပေမယ့် daehyun က အရင်ကလို လင်းလင်းသူတို့ဆီကို fan အနေနဲ့ ရောက်လာမယ်လို့ မျှော်လင့်ထားတာပေါ့...
လင်းလင်းကတော့ ဒီနေ့ သူတို့ဆီမသွားပဲ အိမ်မှာပဲ နေနေဖို့ စိတ်ကူးထားတယ်... သူမဘယ်လောက်ပဲ သွားချင်နေနေ ကိုယ့်စိတ်ကိုယ် ထိန်းမှဖြစ်မယ်... ထပ်ပြီး ဘယ်သူပြောတာမှ မခံချင်တော့ဘူး... ပြီးတော့ daehyun သူမကို စိတ်ကုန်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဒီနေ့ တစ်နေကုန် အဆက်အသွယ် ဖြတ်နေတော့မယ်ပေါ့...
ထုံးစံအတိုင်း ပရိတ်သတ်တွေကြားထဲ himchan ရော daehyun ပါ ကိုယ့်ကောင်မလေးကိုယ် လိုက်ရှာမိနေကြတယ်... တစ်ယောက်နဲ့ တစ်ယောက် သတိထားမိတော့ နှစ်ယောက်လုံး ပြုံးစိစိ ဖြစ်သွားကြသေးတယ်... အကြောင်းသိတွေကိုး...
himchan ကတော့ ကံကောင်းစွာ မိဖြိုးကို ပရိတ်သတ်တွေ ကြားထဲမှာ ကင်မရာတစ်လုံးနဲ့တွေ့တယ်... fan တွေကို လက်ယမ်းပြသလိုလိုနဲ့ သူမဘက်ကိုပါ မသိမသာ နှုတ်ဆက် ဝှေ့ယမ်းပြလိုက်တယ်... သူမလည်း သတိထားမိတော့ ပျော်သွားတယ်...
daehyun ခင်မျာတော့ အခုထိ လင်းလင်းကို ရှာမတွေ့... himchan ပြလို့ မိဖြိုးကို တွေ့ပေမယ့် သူမနားမှာ လင်းလင်းက မရှိဘူး... ဒါနဲ့ daehyun လင်းလင်းဆီကို မက်ဆေ့ခ်ျပို့လိုက်တယ်...
"ဘယ်ရောက်နေလဲ?"
လင်းလင်းက ဒီ မက်ဆေ့ခ်ျဖတ်မိတော့ တကယ်လို့ သူမ အိမ်မှာလို့ ပြောရင် နောက်ထပ် မက်ဆေ့ခ်ျတွေပို့ပြီး ဆက်သွယ်နေမှာစိုးလို့...
"ကိစ္စလေးရှိလို့ အပြင်ရောက်နေတယ်... နောက်မှ ဆက်သွယ်မယ်နော်..." လို့ပဲ လိမ်ပြောလိုက်တယ်...
"အော... ဒါဆို အားရင် မက်ဆေ့ခ်ျပို့ လိုက်နော်... fan sign မှာ နင်မရှိတော့ ပျင်းတယ်..." ဆိုခါ daehyun က ငိုမဲ့မဲ့ smiley ပုံလေးနဲ့တကွ ပို့လိုက်တယ်...
လင်းလင်းက သူပို့လိုက်တဲ့ မက်ဆေ့ခ်ျကြောင့် ပီတိတွေ ဖြာမိတယ်... ဒါပေမယ့်လည်း အေးစက်စက်နဲ့ "အိုကေ..." လို့ပဲ ပြန်ပို့လိုက်ပြီး နောက်ထပ် လုံးဝ မဆက်သွယ်မိဖို့ ဆုံးဖြတ်ထားလိုက်တယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)