Day (24)
ဒါနဲ့ မနက် ၆ နာရီခွဲလောက် အိပ်မရတဲ့ အတူတူ မီးဖိုချောင်ထဲသွားပြီး မနက်စာသွားပြင်တယ်... မိုင်လို ဖျော်ပြီး သောက်နေတုန်း မီးဖိုချောင်ထဲ မိဖြိုး ၀င်လာတယ်...
"ဟဲ့... အစောကြီး နိုးနေပါလား?" လို့ ပြောပြီး လင်းလင်း မျက်နှာလည်း သေချာကြည့်လိုက်တော့မှ မျက်ကွင်း ညိုညိုကြီး နှစ်လုံးကို မြင်ပြီး မိဖြိုး လန့်သွားတယ်... "နင် တညလုံး မအိပ်ပဲ အလုပ်ကြိုးစားနေတာလား?"
"မဟုတ်ဘူးဟ... တညလုံး ခေါင်းမီးတောက်နေတာ... အဟင့်..." ပြောရင်းနဲ့ ငိုတော့မယ်...
"ဘယ်လို ဖြစ်လို့တုန်း?" မိဖြိုးက မေးတယ်...
"ငါ့မှတ်စု စာအုပ်ပျောက်သွားလို့... အဲ့ထဲမှာ ငါစဉ်းစားထားတဲ့ ဒီဇိုင်းတွေ ပါတယ်... အခု ဘယ်လိုမှ ရှာမတွေ့တော့ဘူး... အီးးး ဟီးးးး..." ဆိုခါ လင်းလင်း တစ်ယောက် ငိုချလိုက်မိပြီ...
ဒီတော့မှ မိဖြိုးလည်း မနေ့က အဖြစ်အပျက်ကို ပြန်မှတ်မိသွားပြီး...
"အိုးးးးး... နိုးးးး... လင်းလင်း-ah... ဆောရီး ဆောရီး... မနေ့က ငါနင့်အခန်းထဲကို ငါ့ဖုန်းဝင်ရှာရင်းနဲ့... အဲ့စာအုပ်ကို တိုက်မိပြီး ပြုတ်ကျသွားတာ... ဟိုး... ကုတင်အောက်ထဲထိ ရောက်သွားတယ်... ငါပြန်ကောက်ပေးမလို့ပဲ... နောက်တော့ မေ့သွားတာ... ဟီးးးး..." လို့ ၀န်ခံလိုက်တယ်...
ဒီတော့ လင်းလင်းက မျက်လုံးကြီးပြူးပြီး မိဖြိုးကို ကြည့်နေရာကနေ ရုတ်တရက် သူမလက်ထဲက မိုင်လိုခွက်ကို စားပွဲပေါ် "ဒုန်း" ခနဲ ချလိုက်ခါ...
"မိ... ရွှေ... ဖြိုး... yahhhhhhhhhh... နင့်ကိုငါ သတ်မယ်..." ဆိုပြီး လက်ကြီးဆန့်တန်းခါ စားပွဲတစ်ဖက်မှာ ရှိတဲ့ မိဖြိုးဆီ ပြေးလာပါတော့တယ်...
မိဖြိုးလည်း လန့်လန့်နဲ့ စားပွဲကို ပတ်ပြေးနေရတယ်...
"လင်းလင်း... စိတ်လေးကို လျှော့ပါနော်... ငါအခု သွားပြန်ရှာပေးမယ်... စိတ်လျှော့ နော် နော်..." မိဖြိုး ပြောလည်း မရဘူး... လင်းလင်း တစ်ယောက် အိပ်ရေးပျက်လို့ ထင်ပါတယ်... ရုပ်က ကြောင်တောင်တောင်နဲ့ "yahhhhh..." လို့ အော်ပြီး လက်ကြီးဆန့်တန်းခါ မိဖြိုးကို ပတ်လိုက်နေတုန်း...
STAI LEGGENDO
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)