Day (15)
Charity သွားလုပ်မယ့် မနက်ရောက်တော့ လင်းလင်းတို့လည်း တတ်အားသလောက် အခြောက်အခြမ်း စားစရာမုန့်လေးတွေ အအေးဗူးလေးတွေ သယ်လို့ အိမ်ရှေ့မှာ နှစ်ယောက်သား ရင်ခုန်စွာ ဟို celebrity နှစ်ယောက်ထွက်အလာကို စောင့်နေကြတယ်... သူတို့ ထွက်လာတော့ ကောင်မလေးတွေဆီက ပစ္စည်းတွေကို ကူသယ်ပေးရင်း ကားနဲ့ ချီတက်ကြတာပေါ့...
သူတို့ဟိုရောက်တာ ကိုးနာရီလောက်ဆိုတော့ ကလေးတွေအတွက် နေ့လည်စာကို ၀ိုင်းဝန်းကူညီ ပြင်ဆင်ပေးကြတယ်... ယောက်ျားလေး နှစ်ယောက်ကိုကျတော့ မီးဖိုချောင်မှာ ၀င်ကူခိုင်းဖို့ မသင့်တော်တာနဲ့ အပြင်မှာ ပဲ စားပွဲခင်းကျင်း စားသောက်ဖွယ်ရာတွေ နေရာချထားဖို့ တာဝန်ပေးလိုက်တယ်...
Daehyun က လင်းလင်းနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြရမယ် ထင်ပြီး အခုကျတော့ တစ်ယောက် တစ်နေရာစီရောက်နေတော့ မျက်နှာလေးတောင် မတွေ့ရတဲ့အတွက် နည်းနည်း ၀မ်းနည်းမိတယ်... ဒါပေမယ့် ခဏနေရင် လာတော့မယ့် အထူးအစီအစဉ်အတွက်သာ အားမွေးရင်း အားသွန်ခွန်စိုက် ကူညီလုပ်ကိုင်ပေးနေလိုက်တယ်...
နေ့လည်ဘက် ကလေးတွေ ထမင်းစားမယ့် အချိန်ရောက်မှပဲ Himchan နဲ့ Daehyun လည်း မီးဖိုချောင်ကနေ ပင်ပန်းတဲ့ ရုပ်လေးတွေနဲ့ ထွက်လာတဲ့ လင်းလင်းနဲ့ မိဖြိုးတို့ မျက်နှာ မြင်ရတော့တယ်...
Himchan တစ်ယောက် အလှူပုံရိပ်တွေကို သူယူလာတဲ့ ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်ရင်း ပျော်မွေ့နေတဲ့အချိန် Daehyun ကတော့ သူ့ဖုန်းလေးနဲ့ လင်းလင်းတစ်ယောက် ကလေးတွေကို ဂရုစိုက်နေတဲ့ပုံတွေကို လိုက်ပြီး မှတ်တမ်းတင်ဖြစ်နေတယ်... အခြေအနေ မပေးလို့ မဆုံစည်းခဲ့ရရင်တောင် သူတို့နှစ်ယောက်အတွက် အမှတ်တရလေးတွေ ကျန်ခဲ့အောင်ပေါ့...
လင်းလင်းနဲ့ မိဖြိုးကတော့ ကလေးတွေအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေးပြီးသွားမှ သူတို့ ကင်မရာတွေနဲ့ တဖြတ်ဖြတ် ထုတ်ရိုက်ပါတော့တယ်... အဲ့က ၀န်ထမ်းက လာပြီး သူတို့ကို အမှတ်တရ Group Photo ရိုက်ပေးမယ်ဆိုတော့ သူတို့ လေးယောက်ခမျာ နေရာ အဝေမတည့် ဖြစ်နေကြပြန်ရော...
VOCÊ ESTÁ LENDO
Baby! You're My Lovesick [Completed]
FanficBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)