Part 10 - What is happening to me? (Day 7)

191 20 0
                                    

Day (7)

နောက်တစ်နေ့ လင်းလင်းတစ်ယောက် ပွဲအတွက် မော်ဒယ် မိန်းကလေးတစ်ယောက်ကို တာဝန်ယူပြီး အလှပြင်ပေးနေတယ်... ဒီအချိန်မှာ သူမရဲ့ senior လည်းဖြစ် အောင်မြင်တဲ့ Makeup & Fashion artist လည်း ဖြစ်တဲ့ မေသူက အလှပြင်ခန်းထဲ ၀င်လာတယ်... ဒီနေ့ပွဲအတွက် မေသူက makeup & fashion တာဝန်ခံလေ...

"ညီမလေး လင်းလင်း... မနေ့က အမ မအားလို့ ညီမရဲ့ ပထမဆုံးပွဲကို လာအားမပေးဖြစ်တာ စိတ်မဆိုးနဲ့နော်... လက်ရာတွေ ချီးကျူးခံရတယ်ပြောတယ်... ၀မ်းသာပါတယ်ရှင်... " လို့ မေသူက လင်းလင်းကို စနှုတ်ဆက်တယ်...

"အော် အမကလည်း... ညီမသိတာပေါ့... အမက အလုပ်များတယ်လူပဲဟာ... ညီမနားလည်ပါတယ်..." လို့ လင်းလင်းက ပြန်ပြောတယ်...

"ညီမ ပြင်လို့ ပြီးပြီလား? နောက်နာရီဝက်ဆို စတော့မှာနော်..." မေသူက သတိပေးတယ်...

"ပြီးတော့မယ် အမ... ကြည့်ပေးပါဦး ဘယ်လိုနေလဲလို့..." လင်းလင်းက အကူအညီတောင်းတယ်...

"ဟင်... ညီမ ... ပြင်ထားတာ sexy ဖြစ်နေတယ်လို့ မခံစားမိဘူးလား?" မေသူက အံသြစွာမေးတယ်...

"ဟုတ်တယ်အမ... Theme က Mature and Sexy လေ... ဟုတ်ဘူးလား?" လင်းလင်းက အလန့်တကြားဖြစ်သွားတယ်...

"ဟုတ်ဘူးလေ ညီမ...Theme က Mature and Elegant လေ... တမင်သက်သက်ကို sexy မဖြစ်ရဘူးလို့ မနေ့က Meeting မှာပြောခိုင်းထားခဲ့တာ... သူတို့ မပြောကြဘူးလား မသိဘူး..." ဆိုခါ မေသူ စိတ်ပျက်လက်ပျက် ဖြစ်နေပြီ...

"အော်... သူတို့ sexy အကြောင်းကို ပြောတယ်... ညီမ အဓိပါယ် ကောက်လွဲတာ နေမှာပါ... အမရေ... ညီမ တကယ် တောင်းပန်ပါတယ်... အခု ဘယ်လိုလုပ်မလဲ နာရီဝက်ပဲ ကျန်တော့တယ်... ဒါကိုတောင် နာရီဝက်လောက် အချိန်ယူပြီး ပြင်ထားရတာ..." ဆိုခါ လင်းလင်း တစ်ယောက် ကြံရာမရ ငိုချင်ချင်ဖြစ်နေပြီ...

"ဖြစ်တတ်ပါတယ်... အချိန်လည်း မရှိတော့ဘူးဆိုတော့... လာ... အမပါ ကူပေးမယ်... ဟုတ်ပြီလား... ၁၅မိနစ်နဲ့ပြီးမှ ရမယ်... အ၀တ်လဲဖို့ကလည်း ရှိသေးတယ်ဆိုတော့ နော်... သွက်သွက်လေး စဉ်းစားပြီး လုပ်ရအောင်..." လို့ မေသူက အားပေးတယ်...

"ကျေးဇူးအရမ်းတင်ပါတယ် အမရယ်..." ဆိုခါ လင်းလင်းလည်း concept ပြောင်း စဉ်းစားခါ အားကုန်စိုက် လုပ်တော့တယ်... ပြာနေပြီ ဖြစ်ပေမယ့် စိတ်ကို ထိန်းပြီး လက်ငြိမ်အောင် ကြိုးစားခါ မေသူနဲ့ အတူတူ တိုင်ပင်ရင်း လုပ်သွားလိုက်တာ မိနစ် ၂၀ နဲ့ ပြီးသွားတယ်... အစက လင်းလင်းက မေသူကို ဘယ်သူ့မှ မပြောဖို့ တောင်းဆိုမလို့... သူ့ကို မယုံကြည့်ကြတော့မှာစိုးလို့လေ... ဒါပေမယ့်လည်း မကောင်းပါဘူးလေ လို့ တွေးမိပြီး မေသူကို သွားမတောင်းဆိုတော့ဘူး...

Baby! You're My Lovesick [Completed]Wo Geschichten leben. Entdecke jetzt