အခန်း (၃) - ငါ ဘာဖြစ်နေတာလဲ?
Day (5) - အဆက်
လင်းလင်းနဲ့ မိဖြိုးတို့ မနက်ဘက် ဈေးဝယ်ထွက်ပြီး ပြန်လာတော့ ထင်ထားတဲ့အတိုင်း ပြေးပြီးပြန်လာတဲ့ Daehyun နဲ့ တိုက်အောက်မှာတိုးတယ်…
“ပစ္စည်းတွေ မနိုင်မနင်းနဲ့ ဈေးကပြန်လာတာလား… ဒီလောက်အများကြီး ဘာတွေဝယ်လာတာလဲ?” လို့ Daehyun က သူတို့ နှစ်ယောက်ဆီက ပစ္စည်းတချို့ကူသယ်ပေးရင်း သူ့အတွက် စားစရာတွေများ ထပ်ဝယ်လာပေးတာလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မေးတယ်…
“အသားတွေ အရွက်တွေ အစုံပေါ့ ဒီည BBQ လုပ်စားမလို့လေ…” လို့ လင်းလင်းက Daehyun သွားရည်ကျအောင် ချက်ချင်း ပြန်ဖြေလိုက်တယ်…
“၀ိုး… နှစ်ယောက်ထဲ အတွက် ဒီလောက်က များမနေဘူးလား… မကုန်ဘူးဆိုရင်ပြော လာကူစားပေးမယ်…” လို့ Daehyun က နောက်သလိုလို အတည်လိုလိုနဲ့ ပြောတယ်…
“ဟုတ်တယ် နှစ်ယောက်ထဲပဲ… Daehyun အားတယ်ဆိုရင် လာစားပါလား…”လို့ လင်းလင်းက စီစဉ်ထားတဲ့အတိုင်း အကွက်ဖမ်းပြီး ကမ်းလှမ်းလိုက်တယ်…
“တကယ်လား… ငါက အများကြီးစားတာနော်… နင်တို့ စားဖို့တောင် မကျန်ဘဲနေဦးမယ်…” လို့ Daehyun က သွားရည်တမျှားမျှားနဲ့ ပြောတယ်…
“ကိစ္စမရှိဘူး… ၀အောင် စားသာစား… ငါတို့က အစာသိပ်မငမ်းဘူး…” လို့ မိဖြိုးက ပြောရင်း စိတ်ထဲကနေ နင်တို့ကိုပဲ ငမ်းမှာ လို့ ပြောလိုက်တယ်… “သြော်… ဒါနဲ့ Himchan oppa ကိုပါ ခေါ်လာခဲ့လေ… လူစုံတော့ ကောင်းတာပေါ့… ” လို့ မိဖြိုးကဆက် ပြောတယ်…
“သူအားရင် ခေါ်လာခဲ့မယ်လေ… ညဘက်လုပ်မှာ မလား… အားလောက်ပါတယ်… Daebak! မနေ့ကလည်း မုန့်တွေစားရတယ်… ဒီနေ့လည်း အသားကင်စားရတော့မယ်… ဟားဟား ငါတော့ ပွတာပဲ…” ဆိုခါ Daehyun က ပြောလေရာ လင်းလင်းနဲ့ မိဖြိုးတို့လည်း ရယ်မိကြတယ်…
Daehyun ကအိမ်ရောက်တော့ Himchan နားသွားပြီး ချစ်စရာ မျက်နှာဘေးလေး တမင်လုပ်ခါ…
“Hyung… အသားကင်စားချင်လား? ကျွန်တော်တို့ မစားရတာ ကြာပြီဟုတ်?” လို့ သွားမေးတယ်…
VOCÊ ESTÁ LENDO
Baby! You're My Lovesick [Completed]
FanficBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)