Day (8)
နောက်တစ်နေ့မှာ Daehyun တစ်ယောက် Himchan ရဲ့ ဆော်သြမှုနဲ့ မထချင် ထချင်နဲ့ နိုးလာတယ်... ဒီနေ့က နှစ်ယောက်လုံး အားတဲ့နေ့... ဒီတော့ training ကို အပီအပြင်လုပ်ကြရမယ်... မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီးတော့ Himchan က Daehyun ကို piano lesson တွေစပေးတယ်... Daehyun က ဘာ instrument မှ မတီးတတ်တော့ အနည်းဆုံး စန္ဒယားတော့ တီးတတ်သင့်တဲ့အတွက် ဆရာကြီး Himchan က သင်ပေးရခြင်းဖြစ်တယ်လေ...
နေ့လည်စာ မစားခင်အထိ သုံးနာရီလောက် ဆက်တိုက် Himchan ရဲ့ မပြတ်မလတ်တမ်း သင်ကြားမှု ဆူငေါက်မှုအောက်မှာ Daehyun တစ်ယောက် တခြားကို စိတ်ရောက်ဖို့ အချိန်တောင် မရှိပဲ သနားစရဲာ ကြိတ်မှိတ်ခံနေရတယ်... စိတ်ထဲကလည်း မကျေမနပ်နဲ့... "နေနှင့်ဦး... vocal training ကျတော့မှ တွေ့မယ်ဆိုပြီး..." တင်းထားလေတော့တယ်... Daehyun ဟာလည်း Himchan ထင်ထားတာထက် မြန်မြန် တတ်လွယ်တဲ့အတွက် မနက်ပိုင်း session ကို စောစောရပ်နိုင်လိုက်တယ်...
နေ့လည်စာစားပြီးနောက် နာရီဝက် တစ်နာရီလောက်နားပြီး Daehyun တစ်ယောက် Himchan အခန်းထဲဝင်လာခါ... "Hyung... vocal training စကြရအောင်လေ..." ဆိုခါ မျက်နှာက စပ်ဇြီးဖြီးနဲ့ လာပြောလေတယ်... သူက အကြံနဲ့ကိုး... စတာနဲ့ Himchan ကို Daehyun က BAP သီချင်းတွေထဲက အသံပိုင်း ခက်တဲ့ဟာတွေကို ဆိုခိုင်းတော့တာပဲ... မှားရင်လည်း ချက်ချင်းကို ထငေါက်တယ်... Himchan က သူဘယ်လောက် ကြိုးစားဆိုဆို အငေါက်ခံရပါများတော့...
"Yahhh... အကြီးကို ဒီလောက် အော်စရာလား?" လို့ မခံနိုင်ပဲ ၀င်ပြောတယ်... ဒါနဲ့ Daehyun က မျက်နှာချက်ချင်း ဖြီးသွားပြီ...
"Hyung ကလည်း... စိတ်မဆိုးနဲ့လေ... ကောင်းစေချင်လို့ စေတနာနဲ့ ပြောရတာပါ... ဒါက အလုပ်သဘောအရပါဗျာ... အိုကေ? စိတ်ထဲမထားနဲ့နော်..." ဟု မျက်နှာချိုသွေးခါ ပြောလိုက်တယ်...
Himchan ကလည်း သဘောပေါက်သွားတဲ့ ပုံနဲ့... "အေးပါ... အေးပါ... လုပ်ပေါ့ကွာ..." လို့ပြောခါ ဆက်ပြီး သူတစ်ယောက်ထဲ ကြားရရုံလေး... "ငါဝဍ်ပြန်လည် တာပေါ့..." လို့ ပြောပြီး Daehyun ငေါက်သမျှ ဆက်ခံနေရတယ်...
၃နာရီလောက် လေ့ကျင့်ပြီးတော့ Daehyun က ဗိုက်ဆာတယ် ဆက်မ train နိုင်တော့ဘူးဆိုခါ Himchan ကို မုန့်သွားဝယ်ပေးဖို့ ပူဆာလေတော့တယ်... အမျိုးမျိုး ဂျီကျနေတော့ သွားမ၀ယ်ပေးလို့ကလည်း မဖြစ်တာနဲ့ပဲ Himchan လည်း...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)