အခန်း (၄) - နင်ရော ငါ့လိုပဲလား?
Day (10)
နောက်နေ့ လင်းလင်းတစ်ယောက် အလုပ်က ပြန်လာတော့ တိုက်အောက်မှာ ဓာတ်လှေခါးစောင့်နေကြတဲ့ himchan နဲ့ daehyun ကို လှမ်းတွေ့တယ်... သူတို့ နှစ်ယောက် စကားပြောနေတာတွေ့တာနဲ့ မနှောက်ယှက်ချင်လို့ အနောက်နားလေးမှာပဲ အသာလေး ရပ်နေလိုက်တယ်...
"ငါနဲ့ လိုက်ကြည့်ပေးပါကွာ... ဒီတစ်ခါထဲပါ... မဟုတ်ရင် ငါတစ်ယောက်ထဲ ကြောင်တောင်တောင်နဲ့ ဖြစ်နေမှာ..." himchan က daehyun ကို သနားကမားလေးနဲ့ ပြောနေတယ်...
"hyung ကလည်း... ကျွန်တော်မှ မကြည့်ချင်တာ... ajusshi နဲ့ သွားကြည့်ကြပါလား... ပျော်ဖို့ကောင်းမှာပါ..." daehyun က စပ်ဖြီးဖြီးနဲ့ ပြန်ပြောတယ်... သူတို့ တွေ ဘာကြည့်ဖို့ ပြောနေကြတာလည်း မသိဘူးလို့ လင်းလင်း က တွေးမိတယ်...
"ဟကောင်ရ... ajusshi နဲ့ သွားကြည့်စရာလား... မင်းပြောမှပဲ... သူမသိအောင် သွားခိုးကြည့်မှာပါ ဆိုနေမှ... လိုက်ခဲ့စမ်းပါကွာ... မုန့်ဝယ်ကျွေးပါ့မယ်..." himchan က ထပ်တောင်းဆိုတယ်...
"မုန့်နဲ့ မြူဆွယ်တိုင်း ပါမယ်များ မှတ်လား... မရဘူး... မလိုက်ဘူး... ဒါဗြဲ..." daehyun ကလည်း ဇွတ်ငြင်းတယ်... ဒါနဲ့ himchan လည်း မျက်နှာကြီး ပုပ်သွားပြီး...
"မင်းက အလကားပဲ... ဘာမှ အားကိုးလို့ မရဘူး... Jongup ရှိရင် ဘယ်လောက် ကောင်းမလဲ... သူဆိုရင် Fronzen (2) ကို လိုက်ကြည့်မှာ... ခေါ်နေစရာတောင်မလိုဘူး..." ဆိုခါ မကျေမနပ်နဲ့ ပြောတယ်...
လင်းလင်းလဲ Fronzen (2) ဆိုတဲ့ အသံကြားတော့ ချက်ချင်း သူတို့နားသွားပြီး...
"Oppa... Fronzen (2) ကြည့်ချင်လို့လား... ညီမမှာ အလကားရထားတဲ့ လက်မှတ် နှစ်ဆောင်ရှိတယ်... ညီမလည်း အဲ့ ကာတွန်းကား အရမ်းကြည့်ချင်နေတာ... ညီမနဲ့ သွားကြည့်မလား?" ဆိုပြီး daehyun ရှိနေတာကိုတောင် ဂရုမစိုက်မိပဲ himchan ကိုပဲ ကြည့်ပြီး လင်းလင်း ၀မ်းသာအားရနဲ့ မျှော်လင့်စွာမေးတယ်... Himchan လည်း မျက်လုံးအရောင်တောက်သွားပြီး... "Omo... တကယ်လား..." ဆိုခါ မျက်နှာကြီး ဖြီးပြီး ၀မ်းသာသွားတယ်... ဒါပေမယ့် ချက်ချင်း အဖြီးရပ်လိုက်ပြီး Daehyun ကိုလှမ်းကြည့်တယ်... ဒီကောင်ငါ့ကို လင်းလင်းနဲ့ သွားခွင့်ပြုပါ့မလား ဆိုပြီးပေါ့...
ESTÁS LEYENDO
Baby! You're My Lovesick [Completed]
FanficBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)