Day (13)
နောက်နေ့ မနက်အလုပ်သွားတော့ ညနေဖက်မှာ himchan နဲ့ ရုပ်ရှင်သွားကြည့်ဖို့ ချိန်းထားတဲ့အတွက် လင်းလင်းတစ်ယောက် လှလှလေးဝတ်သွားတယ်... အလုပ်မှာလဲ တစ်နေ့လုံး ပျော်လို့ ရွှင်လို့... သူ့ အသည်းစွဲ bias Kim Himchan ကြီးနဲ့ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ရမှာ မဟုတ်လား... ပျော်နေရှာတာပေါ့...
Daehyun ကတော့ ဒီနေ့ ၀မ်းနည်း ၀မ်းသာ ဖြစ်နေရတယ်... မနေ့က လင်းလင်းသူ့ကို ဓာတ်ပုံ လှမ်းလှမ်းရိုက်နေမှန်း မိဖြိုးရဲ့ ကင်မရာက တစ်ဆင့် တွေ့လိုက်ရလို့ အူမြူးရတာက တစ်ကြောင်း... ဒီနေ့ လင်းလင်းနဲ့ himchan hyung နဲ့ ရုပ်ရှင်အတူတူ သွားကြည့်ကြမှာမို့ အူတိုရတာက တစ်ကြောင်း... သူတကယ်ပဲ ငိုရမလိုလို ရယ်ရမလိုလို ဖြစ်နေတယ်...
Himchan ရော Daehyun ရော ဒီနေ့ shooting တွေ မရှိကြတဲ့အတွက် အိမ်မှာပဲ training ဆင်းဖြစ်ကြတယ်... Daehyun တစ်ယောက် vocal training နဲ့ piano lesson တွေမှာ အရင်ကလို စစနောက်နောက်လည်း မရှိ စကားပြောရင်လည်း ထိန်းထိန်းပြီး ပြောနေတာကို Himchan ရိပ်မိတယ်... သူနဲ့ လင်းလင်း ရုပ်ရှင်သွားကြည့်ဖို့ကို အိုကေပါတယ်လို့ Daehyun ဘယ်လောက်ပဲ ပြောနေနေ တကယ်တမ်း သ၀န်တိုနေမယ်ဆိုတာ himchan အစကတည်းက သိပြီးသား... ဒါ့ကြောင့်လည်း သူစဉ်းစားထားပြီးပါပြီ...
ဒီနေ့ တစ်နေကုန် Daehyun က အားတဲ့ အချိန်တွေမှာ သူ့အခန်းထဲ သူပဲ အောင်းနေတယ်... သူစိတ်ညစ်နေတဲ့ ပုံမြင်ရင် hyung တစ်ယောက် မနေတတ် မထိုင်တတ်ဖြစ်ပြီး လင်းလင်းနဲ့ မသွားတော့မှာစိုးလို့... သူ့ကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးလေ...
ဒါနဲ့ပဲ သူ online မှာ တခြားနိုင်ငံရောက်နေတဲ့ သူ့ရဲ့ best friend ဖြစ်တဲ့ Youngjae နဲ့ပဲ chat နေလိုက်တယ်... ဟိုတစ်ယောက်ကလည်း online မှာ ရှိနေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့...
"ငါမင်းကို အရေးကြီး ကိစ္စ တစ်ခု ပြောပြစရာရှိတယ်... မင်းဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးလား?" Daehyun က online ပေါ်ရောက်ရောက်ချင်း လှမ်းပြောတယ်...
"ဘာလဲ မင်းက gay ဆိုတာ ပြောမလို့လား... နေတော့ ဟေ့ရောင်... ငါသိပြီးသား..." လို့ Youngjae ကနောက်တယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)