Part 26 - I Missing You (Day 19)

152 13 0
                                    

Day (19)

Photoshoot ကိုသွားတဲ့ ကားပေါ်မှာ လင်းလင်းတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်လေးပဲ လိုက်ပါလာတယ်... daehyun လည်း လင်းလင်းဆီကနေ သိချင်တာတွေ မေးစရာတွေ ရှိပေမယ့် himchan ရော ရှိနေတဲ့အတွက် မေးလို့ မကောင်းသေးဘူး...

Shooting ရိုက်ရမယ့် ကုန်ပဏီရောက်တော့လည်း သူတို့အတွက် ပေးထားတဲ့ waiting room မှာ staff တွေက ၀င်လိုက်ထွက်လိုက်နဲ့ဆိုတော့ နှစ်ယောက်တည်းရှိမယ့် အချိန်ကို ချောင်းနေတဲ့ daehyun အတွက် အခွင့်မသာဘူး ဖြစ်နေတယ်...

လင်းလင်းကတော့ ဒီနေ့ တော်တော် အလုပ်ရှုပ်နေတဲ့အတွက် သူမရဲ့ အချစ်ရေးရာ ကိစ္စတွေကိုတောင် တွေးပြီး မပူအားဘူး... ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ကို တစ်ယောက်ထဲ ဒေါင်ချာဆိုင်းနေတော့တာ... နှစ်ယောက်လုံးအတွက် မိတ်ကပ်လည်း သူမ၊ အ၀တ်အစားလည်း သူမဆိုတော့ သူတို့နဲ့ တခြား ဘာစကားမှ ပြောဖို့ အချိန်တောင်မရှိဘူး... ဒီတော့ daehyun တစ်ယောက် သူမနဲ့ ပိုပြီး အနေဝေးသွားသလို ခံစားနေရတာပေါ့...

Himchan ကတော့ အေးဆေးပဲ... daehyun သူ့ဘက်ကို ကြည့်လိုက်တိုင်း ဖုန်းကို ကြည့်ပြီး စပ်ဖြီးဖြီး ဖြစ်နေတာပဲတွေ့ရတယ်... တချိန်လုံးလည်း ဖုန်းတစ်လုံးနဲ့ မက်ဆေ့ခ်ျထိုင်ပို့နေတယ်... daehyun စဉ်းစားတယ် အဲ့ဒါ မိဖြိုးဆီကိုမှ ဟုတ်ပါလေစပေါ့...

လင်းလင်းက himchan ကို မိတ်ကပ် အရင်ပြင်ပေးလိုက်တော့ daehyun ကို သူမမိတ်ကပ် ပြင်ပေးနေတုန်း himchan အ၀တ်လဲ ပြင်ဆင်ပြီးသွားတယ်... ဒါနဲ့ shooting hall ထဲသွားပြီး စပ်စုနေတယ်...

Daehyun လည်း မိတ်ကပ်ပြင်ပြီးတော့ အ၀တ်လဲဖို့အတွက် လင်းလင်းပေးတဲ့ ၀တ်စုံကို ယူပြီး အ၀တ်လဲခန်းထဲ ၀င်သွားလိုက်တယ်... လင်းလင်း က ပစ္စည်းတွေသိမ်းရင်း daehyun ထွက်အလာကို အပြင်မှာ စောင့်နေတယ်... နောက် ၁၅ မိနစ် လောက်နေရင် shooting စတော့မှာကိုး...

Daehyun အ၀တ်လဲတာ ကြာနေတော့ လင်းလင်းလည်း နောက်ကျနေမှာ စိုးရိမ်တာနဲ့...

"daehyun-ah... မြန်မြန်လုပ်နော်... ခဏနေရင် စတော့မှာ... နင်ဝတ်ပြီးရင် အဆင်ပြေမပြေ ငါကြည့်ပေးရဦးမှာ..." လို့ လှမ်းအော် ပြောလိုက်တယ်...

Baby! You're My Lovesick [Completed]Where stories live. Discover now