Day (20)
Himchan တစ်ယောက် Date သွားရမယ့် မနက်အစောပိုင်းမှာ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ daehyun နဲ့အတူ practice room ကို ထွက်သွားကြတယ်... နောက်တစ်နေ့ show ပွဲတစ်ခုအတွက် သီချင်း သွားလေ့ကျင့်ရဦးမယ်လေ...
ထမင်းစားချိန်ကျတော့ နှစ်ယောက်လုံး ကိုယ့်ကောင်မလေးတွေနဲ့ကို ကြည်နူးလို့... မက်ဆေ့ခ်ျတွေ ကိုယ်စီ ပို့နေကြတာ ပြောပါတယ်... လင်းလင်းလည်း daehyun တောင်းဆိုထားလို့ သိသိသာသာကြီးတော့ ရှောင်မနေတော့ဘူး... တော်ကြာ မနေ့တုန်းကလို အ၀တ်လဲခန်းထဲ ပိတ်ပြီး ထပ်ခြိမ်းခြောက်ရင် ဒုက္ခဆိုတွေးပြီး လန့်နေရတယ်...
ညနေ ၅နာရီလောက် practice ပြီးတော့ daehyun ကို နှုတ်ဆက်ပြီး himchan အပြေးတပိုင်းနဲ့ မိဖြိုးနဲ့ ချိန်းထားတဲ့ ရုပ်ရှင်ရုံရှေ့ကို တိုက်စီ စီးပြီး ရောက်လာတယ်... ဘယ်သူမှ မရိပ်မိအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရုပ်ဖျက်ထားတာပဲ...
မိဖြိုးကတော့ အစောကြီး ရောက်နှင့်နေပြီး ရင်ခုန်စွာ စောင့်နေတယ်... himchan oppa လာမှ လာပါ့မလားလို့လဲ စိုးရိမ်မိတယ်... date လုပ်ထားတယ်ဆိုတာ သူမဘာသာ ရူးပြီး မက်တဲ့ အိမ်မက်တစ်ခု ဖြစ်နေမှာလည်း တွေးပူနေရသေးတယ်...
Himchan တိုက်စီ ပေါ်ကဆင်းတော့ ရုပ်ရှင်ရုံ အပေါက်ဝမှာ ရပ်စောင့်နေတဲ့ မိဖြိုးကို လှမ်းတွေ့ရတယ်... သူမရှေ့ကို အလောတကော ပြေးသွားပြီး ...
"ဖြိုး ရောက်နေတာ ကြာပြီလား?"
"အော်... oppa... ရောက်ပြီလား... ဖြိုး ခုဏလေးတင်မှ ရောက်တာပါ..." မိဖြိုးက himchan သူမကို တမျိုးထင်သွားမှာစိုးလို့ အစောကြီး ရောက်နေတာကို မပြောပဲ ထားလိုက်တယ်...
"တော်သေးတာပေါ့... ကိုယ်များ နောက်ကျနေပြီလားလို့ စိုးရိမ်နေတာ..." himchan က သက်ပြင်းချရင်း ပြောတယ်...
"နောက်မကျပါဘူး... ဒီမှာကြည့်... ရုပ်ရှင်စဖို့ မိနစ် ၂၀ ကြီးများတောင် လိုသေးတယ်..." မိဖြိုးက သူမလက်က နာရီကို ထိုးပြပြီး ပြောတယ်...
"ကောင်းတယ်... ဒါဆို အထဲဝင်ရအောင်လေ... လာ..." ဆို himchan ကပြောပြီး ရုပ်ရှင်ရုံ အဆောက်အအုံထဲ ၀င်သွားကြတယ်... မိဖြိုးက ထုံးစံအတိုင်း ticket ကို online booking လုပ်ထားတယ် ထင်ပြီး counter ဘက်သွားတော့ himchan က မိဖြိုးလက်ကို လှမ်းဆွဲလိုက်ပြီး...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)