Day (16)
မိဖြိုးရဲ့ အကြံပေးမှုနဲ့ လင်းလင်းတစ်ယောက် ကိုရီးယား rice cake အစပ်နဲ့ လွယ်လွယ်ကူကူ သူမရဲ့ ငါးဖယ်ကြော် ဟင်းတစ်ပွဲ လုပ်သွားလိုက်တယ်... မိဖြိုးကိုပါ himchan ကဖိတ်ထားတဲ့အတွက် သူမသွားတော့ မိဖြိုးပါလိုက်လာတယ်...
သူတို့ရောက်တော့ ဟိုမှာ လူတွေစုံနေပြီ... ထမင်းပွဲ ပြင်ပေးနေတဲ့ မေသူကို လင်းလင်းလှမ်းတွေ့လိုက်ရတော့ မျက်လုံးတောင် ပြူးသွားတယ်... မေသူက အရင်နေ့တွေကထက် လှနေလို့... သူမ သွားနှုတ်ဆက်တော့ သိရတာက စားပွဲပေါ်မှာ တည်ခင်းထားတဲ့ ဟင်း ၅မျိုး၆မျိုးလောက်က အကုန် မေသူ့လက်ရာတွေချည်းဆိုတာပဲ... လင်းလင်းက မေသူ့ကို အားကျစွာ ချီးကျူးလိုက်တယ်... သူမရဲ့ rice cake နဲ့ ငါးဖယ်ကြော်က မေသူ့ရဲ့ စပယ်ရှယ် ဟင်းပွဲကြီးတွေနဲ့စာရင် မျက်နှာငယ်စရာလေး ဖြစ်နေတယ်...
လင်းလင်းလည်း ajusshi ကို သွားနှုတ်ခွန်းဆက်ပြီးတော့ daehyun ကို လိုက်ရှာနေမိတယ်... ဒီအိမ်လေး တစ်အိမ်ထဲမှာမှ အဲ့ကောင်က ဘယ်ပျောက်နေမှန်းမသိ... သူမရောက်ကတည်းက အရိပ်အယောင်ကို မတွေ့ရသေးဘူး... သူ့ကို မတွေ့ရတဲ့အတွက် လင်းလင်းခမျာ ဟာတာတာကြီး ဖြစ်နေတုန်း မောင်မင်းကြီးသားက အိပ်ချင်မူးတူးနဲ့ သူ့အိပ်ခန်းထဲကနေ မျက်လုံးပွတ်ပြီး ထွက်လာတယ်... ဆံပင်ကလည်း စုတ်ဖွား... ပြီးတော့ ညအိပ်ဝတ်စုံနဲ့... လင်းလင်းကတော့ တော်တော်ချစ်ဖို့ကောင်းတာပဲ ဆိုပြီး ပြုံးပြီး ကြည့်နေမိတယ်...
သူအခန်းထဲက ထွက်လာတော့ မျက်လုံးတွေ အားလုံး သူ့အပေါ်ရောက်သွားတယ်... ဒီအချိန်မှာ himchan ထပြောတာက...
"ဒီကောင် ဘယ်အချိန်အထိ အိပ်နိုင်မလဲဆိုပြီး တမင်မနှိုးပဲ ထားထားတာလေ... ကြည့်ဦး ၁၁နာရီမှ ထတယ်... စားပွဲသောက်ပွဲကိုတော့ အလွတ်မခံဘူး... ဟားဟားဟား..." လို့ ရယ်တော့ အားလုံးကပါ Daehyun ကို ကြည့်ပြီး ၀ိုင်းရယ်ကြတယ်... ဒီတော့ Daehyun က အမြင်ကတ်ကတ်နဲ့...
"ဟားဟားဟား ရယ်ရတယ်နော်..." ဆိုရွဲ့ပြောလိုက်တယ်...
သူ့ပုံက ဘယ်သူ့မှ ဂရုမစိုက်တဲ့ ပုံနဲ့ မျက်နှာလည်း မသစ် သွားလည်း မတိုက်ပဲ အိမ်ရှေ့က ဆိုဖာမှာ ၀င်ထိုင်လိုက်တယ်... လင်းလင်းကိုလည်း တွေ့ပုံမပေါ်ဘူး... အိပ်ချင်မူးတူး ဖြစ်နေသေးပုံပဲ...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)