Part 32 - Everything For You (Day 25)

123 10 7
                                    

Day (25)

ပြိုင်ပွဲကို လင်းလင်းတို့ ကုန်ပဏီမှာပဲ လုပ်တယ်... တစ်ယောက်ကို အလှပြင်ခန်း တစ်ခန်းစီ သီးသန့်ရတယ်... အချိန်က နာရီဝက်... ပြိုင်ပွဲစချိန်မတိုင်ခင်မှာ လင်းလင်းရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ တစ်ယောက်ပြီး တစ်ယောက် သူမရဲ့ အခန်းကို လာပြီး အားပေးကြတယ်... ပြိုင်ပွဲချိန်နားနီးတော့ himchan နဲ့ daehyun တို့ ရောက်လာပြီး အားပေးစကားပြောတယ်...

"လင်းလင်း... oppa တို့ကို မျက်နှာရအောင် လုပ်ပေးရမယ်နော်... လင်းလင်းကိုပဲ stylist အဖြစ်လို ချင်တယ်လို့ ပြောပေးထားရတာ အလကား မဖြစ်စေနဲ့... fighting!!! အိုကေ?" himchan က အားပေးတယ်...

"Nae oppa... ညီမ oppa တို့ရဲ့ stylist ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားမယ်... စိတ်ချ... ဟီးးးး..."

"အိုကေ... ဒါပေမယ့်လည်း အရမ်းကြီး ဖိအားမပေးပါဘူး... တော်ကြာ stress တွေရနေဦးမယ်... ဟားဟား..." himchan က ထပ်ဖြည့်ပြောတယ်...

"ငါကတော့ ဖိအားပေးမှာပဲ... လင်းလင်း... မရ ရအောင်လုပ်... နင်မနိုင်ရင် ငါသေသွားနိုင်တယ်... သိတယ်နော်? ငါသေသွားရင် နင့်ကို လာခြောက်မှာ... နိုင်အောင်လုပ်..." daehyun ကအပြတ်ပြောတယ်...

"အင်းပါ... ငါနိုင်အောင်လုပ်မှာပါ..." လင်းလင်းက မျက်မှောင်ကြီး ကြုတ်ပြီး ပြောတယ်... himchan ရှေ့မှာ daehyun ကလာပိုပြနေတော့ လင်းလင်း ရှက်တာပေါ့...

Daehyun က himchan နားကပ်ပြီး တိုးတိုးလေး တစ်ခွန်းပြောလိုက်တယ်... ဒါနဲ့ himchan လည်း...

"လင်းလင်း... oppa အပြင်မှာ စောင့်နေမယ်နော်... fighting!!!" လို့ ပြောပြီး အပြင်ထွက်သွားတယ်... အနောက်မှာ အခန်းတံခါးကို ပိတ်ခဲ့တယ်... အခု အခန်းထဲမှာ လင်းလင်းနဲ့ daehyun နှစ်ယောက်တည်းရယ်...

Daehyun က လင်းလင်းကို စိုက်ကြည့်နေတယ်... လင်းလင်းလည်း မနေတတ်တော့တာနဲ့...

"Daehyun-ah သွားတော့လေ... ပြိုင်ပွဲစဖို့ ၁၅ မိနစ်ပဲ လိုတော့တယ်..." ပစ္စည်းတွေ ပြင်ဆင်နေရင်း ပြောတယ်...

"အင်း... သွားမှာပါ... မသွားခင် နင့်ကို ငါ့ရဲ့ lucky charm လေး ပေးသွားချင်လို့..."

"Omo... တကယ်လား? ဘယ်မှာလဲ? ပေးလေ..." လင်းလင်းက Daehyun ဆီက lucky charm ရမယ်ဆိုတော့ စိတ်လှုပ်ရှားပြီး မေးတယ်...

Baby! You're My Lovesick [Completed]Where stories live. Discover now