Part 23 - Now I Know What It's Like to be Jealous (Day 16 Cont.)

155 17 0
                                    

Day 16 (Cont.)

Himchan က မိဖြိုး ညစာစားပြီးချိန် ည၈နာရီခွဲလောက်ဆို အောက်ဆင်း လမ်းလျှောက်တတ်တာသိလို့ ၈နာရီလောက်ကတည်းက သူတို့ အိမ်ရှေ့ ကော်ရိုက်တာမှာ သူမ ထွက်အလာကို စောင့်နေတယ်... သူမ ၉နာရီလောက်မှ အိမ်ကနေ ထွက်လာတယ်... စောင့်နေရတဲ့ himchan လည်း လည်ပင်းရှည်နေပြီ...

"ဖြိုး... အောက်မှာ လမ်းလျှောက်မလို့လား? Oppa လိုက်လို့ရလား?" လို့ himchan ကလှမ်းမေးလိုက်တယ်...

"အော်... oppa က ဖြိုးကို မှတ်မိသေးသားပဲ... တော်သေးတာပေါ့..." မိဖြိုးက ရွဲ့ပြောလိုက်တယ်...

"oppa ဒီနေ့ တစိမ်းဆန်နေခဲ့တာကို တောင်းပန်ပါတယ် ဖြိုး..." himchan က မျက်နှာငယ်လေးနဲ့ တောင်းပန်တယ်...

"ရပါတယ်... oppa တို့က ဖြိုးတို့လို သာမာန် fangirl တွေအတွက် ဘယ်လိုလုပ်ပြီး အမြဲ အချိန်ပေးနေနိုင်မှာလဲ... ဖြိုးနားလည်ပါတယ်..." မိဖြိုးကလည်း သူမဘ၀ သူမ သိတဲ့အတွက် စိတ်ရင်းနဲ့ ပြန်ပြောတယ်... သူတို့ နှစ်ယောက် အခု ဓာတ်လှေခါးထဲ ၀င်သွားပြီ...

"အဲ့လို မဟုတ်ပါဘူး... ပြီးတော့ ဖြိုးက oppa အတွက် သာမာန် fangirl မှ မဟုတ်တာ..." လို့ himchan ပြောတော့ မိဖြိုးက ၀န်းစက်တဲ့ မျက်လုံးလေးတွေနဲ့ himchan ကို အံ့သြစွာ မော့ကြည့်တယ်...

(သူမရဲ့ အကြည့်တွေမှာ အရည်ပျော်သွားတဲ့ himchan သူ့စိတ်သူ "ဒါ အချိန် မတန်သေးဘူး" ဆိုပြီး မနည်းထိန်းထားရတယ်...)

ကွန်ပေါင်းထဲမှာ စကားလုံးတွေ တိတ်ဆိတ်စွာ ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြပြီး ခဏကြာတော့ himchan က ရပ်လိုက်တယ်...

"ဖြိုး... oppa ကို အချိန်ခဏပေးနိုင်မလား? ပြောစရာရှိလို့... တစ်နေရာမှာ သွားထိုင်ရအောင်..." ပြောတော့ မိဖြိုးက ခေါင်းငြိမ့်ပြီး သဘောတူလိုကတယ်...

Himchan က သူတို့ နှစ်ယောက် ဟိုတစ်ခေါက်က အတူတူ သွားခဲ့တဲ့ ရေကူးကန်ဘက်ကို ခေါ်လာတယ်... ကန်ဘေး ထီးအောက်က စားပွဲလေးမှာ မိဖြိုးကို ထိုင်ခိုင်းထားပြီး...

"ခဏစောင့်နော်... oppa ချက်ချင်း ပြန်လာခဲ့မယ်..." ဆို himchan ပြောတော့ မိဖြိုး ခေါင်းငြိမ့်ပြတာနဲ့ himchan ထွက်သွားတယ်... မိဖြိုးတစ်ယောက် ကန်ဘက်ကို ငေးရင်း သူမနဲ့ himchan ရေကူးကန်ထဲ ပြုတ်ကျခဲ့တုန်းက အဖြစ်အပျက်ကို တွေးမိရင်း ကြည်နူးစွာ ရယ်လိုက်မိတယ်...

Baby! You're My Lovesick [Completed]Where stories live. Discover now