အခန်း (၈) - ဒီခရမ်းရောင်သေတ္တာပေါ့
Day (29)
ဒီနေ့ Himchan နဲ့ Daehyun တို့ Korea ကို နေ့လည်ဘက် flight နဲ့ ပြန်ကြတော့မှာ... လင်းလင်းနဲ့ မိဖြိုးတို့က လိုက်ပို့ချင်ပေမယ့် လေယျာဉ်ကွင်းမှာ fan တွေအများကြီး ရှိနေမှာ ဖြစ်တဲ့အတွက် မသွားတော့ဖို့ ဆုံးဖြတ်လိုက်တယ်...
Himchan ကမပြန်ခင် မိဖြိုးကို နှုတ်ဆက်သွားချင်သေးတဲ့အတွက် သူမအလုပ်မသွားခင် အမှီ အိမ်ပေါက်ဝမှာ ထွက်စောင့်နေခဲ့ပေမယ့် မိဖြိုးကတော့ himchan နဲ့ တိုးမှာ စိုးလို့ မနက်အစောကြီးကတည်းက ဆေးရုံကို ထွက်သွားပြီ... သူမ ထပ်မငိုချင်တော့ဘူးလေ...
တော်တော်ကြာတဲ့အထိ မိဖြိုးရဲ့ အရိပ်အယောင် မတွေ့ရတဲ့အတွက် himchan လက်လျှော့လိုက်ပြီး အိမ်ထဲပြန်ဝင်သွားတော့တယ်... ဒါပေမယ့် သူ့ဆီကို မိဖြိုးဆီက "Fighting Oppa... annyeong... J " ဆိုပြီး မက်ဆေ့ခ်ျတစ်စောင် ၀င်လာခဲ့တယ်... Himchan တစ်ချက် ပြုံးလိုက်ပြီး "annyeong ဖြိုး..." လို့ပဲ reply ပြန်ခဲ့လိုက်တယ်...
အချိန်ရောက်တော့ himchan က အပြင်မှာ စောင့်နေတဲ့ လင်းလင်းကို နှုတ်ဆက်ခဲ့ပြီး အရင်ဆုံး ကားဆီကို ဆင်းသွားခဲ့တယ်... လင်းလင်းနဲ့ daehyun တို့ကတော့ မနေ့ညက အဖြစ်အပျက်ပြီးကတည်းက တစ်ယောက်ကို တစ်ယောက်ရှက်နေကြပြီး အခုတွေ့တော့ ဘာပြောရမှန်း မသိဘူး ဖြစ်နေတယ်...
Daehyun ကတော့ ရှက်ရှက်နဲ့ ကြမ်းပြင်ကို စိုက်ကြည့်နေတယ်... လင်းလင်းလည်း ဟိုကြည့်ဒီကြည့် လုပ်နေရာကနေ daehyun ဆွဲလာတဲ့ ခရမ်းရောင် သေတ္တာလည်း မြင်ရော သေချာ စိုက်ကြည့်နေမိတယ်... "ငါ့သေတ္တာနဲ့ တော်တော်တူတာပဲ" လို့ တွေးမိတယ်... ဒီခံစားချက်ကို သူမ မှတ်မိသလိုလိုပဲ...
နောက် သူမသတိရသွားတယ်... "Oh my god!!! ဒါ ငါ လေယျာဉ်ကွင်းမှာ တုန်းက မှားဆွဲခဲ့တဲ့ သေတ္တာများလား?" ဆိုပြီး ဘာမပြောညာမပြောနဲ့ daehyun လက်ထဲကနေ သေတ္တာကို သွားဆွဲယူပြီး ဟိုလှန်ဒီလှန်ကြည့်တော့တယ်...
ရုတ်တရက်မို့ daehyun တစ်ယောက် ခဏတော့ အငိုက်မိသွားတယ်... နောက်တော့မှ သေတ္တာကို လှန်လှောကြည့်နေတဲ့ လင်းလင်းကို ကြည့်ရင်း "ဟားဟား ဟားဟား" နဲ့ ထရယ်ပါတော့တယ်... ဒီတော့ လင်းလင်းက သူ့ကို မော့ကြည့်ပြီး...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)