အခန်း (၇) - ဘာမဆိုပေါ့... နင့်အတွက်...
Day (21)
ဒီနေ့ concert မှာ သီချင်းသွားဆိုရမယ်... မနေ့က အသေအချာ လေ့ကျင့်ထားကြတဲ့အတွက် အဆင်သင့်တော့ ဖြစ်နေကြပါပြီ... ဒါပေမယ့် Practice Makes Perfect ဟုတ်?... ဒီတော့ ကနေ့လည်း သူတို့ နှစ်ယောက် Practice room ထဲမှာ အပီအပြင် လေ့ကျင့်နေကြတုန်းပဲ...
နေ့လည်ပိုင်းလောက်မှာ တာဝန်ခံ ajusshi က သူတို့ကို ပြောစရာ သတင်းရှိလို့ ရောက်ချလာတယ်... သူတို့ရဲ့ ကိုရီးယားကို ပြန်သွားတဲ့ stylist က သူမရဲ့ အိမ်ကို အချိန်ပြည့် ကူညီစောင့်ရှောက်ဖို့ လိုအပ်လာတဲ့အတွက် သူတို့ဆီကနေ အလုပ်ထွက်သွားပြီတဲ့... yongguk တို့ youngjae တို့နဲ့ ပါသွားတဲ့ stylist နှစ်ယောက်က intern တွေ... ဒီတော့ သူတို့မှာ B.A.P ရဲ့ main stylist ကိုရှာဖို့ လိုအပ်နေပြီ...
"ငါစဉ်းစားတယ်... ငါတို့ အခုခေတ်မှာ entertainment agency တွေက foreign talent တွေကို ခေါ်ခေါ်သွင်းတဲ့ ဓလေ့တွေရှိလာတော့ ငါတို့လဲ အဲ့လို လုပ်ရင် မကောင်းဘူးလား?" ajusshi က ပြောတယ်...
သူတို့ နှစ်ယောက်ကတော့ ajusshi ပြောတဲ့ အဓိပါယ်ကို နားလည်ပုံမပေါ်ဘူး... ဒါနဲ့...
"ငါပြောတာက ငါတို့ အခုလည်း ဒီနိုင်ငံက staff တွေကို ယာယီခန့်ထားရတာပဲ... ဒီတော့ ဖြစ်နိုင်ရင် ဒီက သုံးလက်စ stylist ကိုပဲ ဟိုကို ခေါ်သွားရင် ကောင်းမလားလို့..." ဆို ajusshi က ဆက်ပြောတယ်...
ဒီတော့မှ သူတို့ သဘောပေါက်သွားပြီး daehyun မျက်လုံးတွေ အရောင်တောက်လာတယ်...
"အဲ့ဒါ မင်းတို့ သဘောတူတယ်ဆိုရင် ငါမနက်ဖြန် မေသူ့ကို ခေါ်ပြောပြလိုက်တော့မယ်... မေသူ အဆင်ပြေတယ်ဆိုရင် တစ်ခါတည်း စာချုပ်ချုပ်လိုက်တော့မယ်... ဘယ်လိုလဲ?..." ajusshi ကပြောတော့ daehyun မျက်နှာပေါ်က ၀မ်းသာမှုတွေ ဖြုတ်ခနဲ ပျောက်သွားတယ်... သူမေ့နေတာ... လင်းလင်းကို ajusshi က ဘယ်ခေါ်မှာလဲ... သူမက မေသူရဲ့ assistant ပဲဟာ... မေသူ့ကိုပဲ ခေါ်မှာပေါ့...
Himchan လည်း Daehyun တစ်ယောက် မျက်နှာပျက်သွားတာမြင်တော့ စိတ်ထဲမကောင်းဘူး... ajusshi ရဲ့ မေးခွန်းကိုလည်း ပြန်ဖြေနိုင်မယ့် သဘောမရှိတာ ရိပ်မိတာနဲ့ Himchan ကပဲ...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)