Part 2 - A Purple Luggage (Day 2)

498 29 2
                                    

Day (2)

မနက်မိုးလင်းတော့ hoodie အနွေးထည်လက်ရှည်နဲ့ Daehyun တစ်ယောက် လေကောင်းလေသန့်ရှူဖို့ ကော်ရိုက်တာဘက် ထွက်လာတယ်… ဘေးပတ်ဝန်းကျင်ကို ငေးမော လေ့လာနေရင်း သူသတိထားမိသွားတာက သူ့ဘေးအခန်းဖြစ်တဲ့ လင်းလင်းတို့ အိမ်ရှေ့က ခရမ်းရောင်သေတ္တာကြီး…

            ဟုတ်တယ်… လင်းလင်းတို့ ဘေးအခန်းကို ပြောင်းလာကြသူတွေက Himchan နဲ့ daehyun တို့ပဲ… သူတို့နှစ်ယောက်က ဒီနိုင်ငံကိုလည်း တစ်ခါမှ မရောက်ဖူးဘူး… ဒီကစကားလည်း မပြောတတ်ဘူး… အင်္ဂလိပ်လိုကလည်း မတောက်တခေါက်ဆိုတော့ သူတို့ အေဂျင်စီက ဒီနိုင်ငံမှာ ကိုရီးယားလူမျိုးတွေ အများဆုံးရှိတဲ့ နေရာရွေးပြီး အခန်းရှာပေးထားတာ…

            အဲ့ ခရမ်းရောင် သေတ္တာကြီးကို မြင်တော့ daehyun တစ်ယောက် မနေ့က လေယျာဉ်ကွင်းတုန်းက ဗရုတ်သုတ်ခ ဖြစ်နေတဲ့လင်းလင်းကို ပြန်သတိရပြီးတောင် တစ်ချက်ရယ်လိုက်မိသေးတယ်… ပြီးနောက် ရုတ်တရက်…

“အဲ့တစ်ယောက်များလား???”… လို့ရေရွတ်လိုက်ပြီး ပိုသေချာအောင် သေတ္တာနားသွားကြည့်တယ်… ဘေးမှာကျနေတဲ့ လက်ကိုင်အကျိုးကိုမြင်တော့ သေချာသွားပြီ… မနေ့ကတစ်ယောက်ပဲ…

“ဟားဟား ဒီနိုင်ငံကပဲ ကျဉ်းလွန်းတာလား… ခရမ်းရောင်သေတ္တာ အကျိုးတွေပဲ ပေါများနေတာလား...” လို့တောင် သူတွေးမိတယ်… ငုတ်တုတ်ထိုင်ချလိုက်ပြီး လက်ကိုင်ကိုင်းကို ကောက်ကိုင်ခါ…

“နေပါဦး… ကိုင်းလေးပဲပြုတ်သွားတာ… သေတ္တာက အကောင်းကြီးရှိသေးတယ်… ဒီလို လွှတ်ပစ်ထားရလား… ပိုက်ဆံတော်တော်ပေါနေလား မသိပါဘူး…” ဆိုပြီး တတွတ်တွတ်ပြောနေတုန်း အိမ်တံခါးက ပွင့်လာပြီး သေတ္တာသွားပစ်ဖို့ ထွက်လာတဲ့လင်းလင်းနဲ့တိုးပါလေရော…

 တော်သေးတာပေါ့… သူက ငုတ်တုတ်ထိုင်နေတာ ပြီးတော့ ခေါင်းကလည်း သေတ္တာကို ငုံ့ကြည့်နေတာဆိုတော့ သူ့မျက်နှာကို လင်းလင်း သေချာမမြင်ရသေးခင်မှာပဲ ဟိုဘက်ကို ချက်ချင်းလှည့်လိုက်ပြီး hoodie ကို အမြန်ဆောင်းလိုက်တယ်… ပြီးမှ သေတ္တာကိုင်းကို ချလိုက်ခါ မတ်တပ်ထရပ်ပြီး သူ့အိမ်ဘက်ကို လှည့်ပြန်ဖို့အလုပ်…

Baby! You're My Lovesick [Completed]Where stories live. Discover now