အခန်း (၅) - သ၀န်တိုတတ်လာပြီပေါ့
Day (14)
မနက်ရောက်တော့လည်း လင်းလင်းတစ်ယောက် တော်တော်နဲ့ မသွားချင်ဘူး... ဒါပေမယ့် အလုပ်ကိစ္စဆိုတော့လည်း ရှောင်လွှဲလို့ ရတာမှ မဟုတ်တာ... Daehyun ကဒီတစ်ခါတော့ လင်းလင်းကို အတူတူသွားကြမယ်လို့ ကြိုချိန်းထားပြီးပြီ ဖြစ်တဲ့အတွက် ကော်ရိုက်တာမှာ ရပ်စောင့်နေတယ်...
"အော်... Daehyun... စောင့်နေတာ ကြာပြီလား... တံခါး လာခေါက်လိုက်တာ မဟုတ်ဘူး... ငါက မသိလို့ အေးဆေးလုပ်နေတာ..." လင်းလင်းက ပြောတယ်... စိတ်ပူစရာတွေ များနေတော့ မနေ့က ကိစ္စတွေကို မေ့သွားတဲ့ ပုံပဲ...
"ရပါတယ်... ကိစ္စမရှိဘူး... ငါတို့က စောပြီးနေလို့ပါ... ဒါဆို သွားကြရအောင်... hyung က ကားထဲ ရောက်နေနှင့်ပြီ... ဒါနဲ့ နင့်လက်ထဲက ဘာတွေလဲ?" Daehyun က လင်းလင်းကိုင်ထားတဲ့ ချိတ်နဲ့ သပ်သပ်ရပ်ရပ်ချိတ်ပြီး အိတ်စွပ်ထားတဲ့ အ၀တ်တွေကို ကြည့်ပြီး မေးတယ်...
"ဒါနင်တို့ ဒီနေ့ ၀တ်ရမယ့် အ၀တ်တွေလေ... ဟိုတစ်နေ့က မေသူ အွန်နီး ဆီမှာ ငါ ဒီဇိုင်းကို နည်းနည်း ပြောင်းပေးမယ်လို့ ခွင့်တောင်းပြီး ယူလာတာ..."
"အော်... ဟုတ်သားပဲ... နင်က ဒီဇိုင်းနဲ့ ကျောင်းပြီးထားတာပဲ... ငါမေ့နေတယ်... ကြည့်ကြသေးတာပေါ့... ဘယ်လိုပုံထွက်လာမလဲလို့... ဟားဟား..." လို့ Daehyun ကနောက်တော့ လင်းလင်းက အားနေတဲ့ လက်နဲ့ ထုမယ့်ပုံရွယ်လိုက်ပြီးမှ...
"ငါနော်... နင်ဒီနေ့ shooting ရိုက်ရမှာမို့လို့... မထုတာ..." လို့ ပြန်ပြောရင်း လက်ကို ရုတ်လိုက်တယ်...
"ဟားဟား... ဟုတ်ပါပြီဗျာ... နေဦး... ဒါတွေ ငါကူသယ်ပေးမယ်..." Daehyun က ပြောပြောဆိုဆိုနဲ့ လင်းလင်းဆီက အ၀တ်တွေကို ဆွဲယူလိုက်တယ်... လင်းလင်းက "နေနေ... ဒါ stylist သယ်ရမယ့်တာဝန်... ပြန်ပေး..." လို့ ပြောပေမယ့်လည်း မရဘူး... Daehyun က ကားထဲအထိ သယ်သွားပေးပြီး နောက်ခန်းမှာ ချိတ်ပေးထားလိုက်တယ်...
Daehyun တို့ Himchan တို့က ရယ်ရယ်မောမောနဲ့ ပြောဆိုနေကြပေမယ့် လင်းလင်း တစ်ယောက်ကတော့ တစ်လမ်းလုံး ငြိမ်နေတယ်... မျက်နှာမကောင်းတာလည်း Daehyun ရိပ်မိတယ်... ဒါပေမယ့် hyung တို့ ရှေ့မှာ မေးရင် မဖြေပဲနေမှာစိုးလို့... နောက်မှာပဲ မေးတော့မယ်လို့ စိတ်ကူးထားတယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)