Part 35 - Everything For You (Day 28)

144 10 7
                                    

Day (28)

နောက်နေ့ မနက်ပိုင်းမှာ လင်းလင်းက TS မှာအလုပ်လုပ်ဖို့ စာချုပ် စာတမ်း ကိစ္စအတွက် အပြင်သွားတုန်း ချိန်းထားတဲ့အတိုင်း မိဖြိုးတစ်ယောက် himchan နဲ့ daehyun တို့ အိမ်ကို ရောက်လာတယ်...

"ဖြိုး ဒီနေ့ ဂျူတီမရှိတာနဲ့ အတော်ပဲ... ဒီနေ့ည BBQ အတွက် တိုင်တိုင်ပင်ပင် ပြင်ဆင်လို့ ရတာပေါ့..." himchan က ပြောတယ်... အမှန်က မိဖြိုး ဒီနေ့ ဂျူတီမရှိတာ မဟုတ်ဘူး... နေမကောင်းဘူး ဆို အကြောင်းပြပြီး မသွားတာ... "ဟီးးး... ဒါဆို အခု ဖြိုးတို့ ဘာလုပ်ကြမလဲ?"

"ငါက decoration အတွက် တာဝန်ယူမယ်... ဒီမှာကြည့် ငါ ဒီ signboard လုပ်ထားတာလှလား?" daehyun က လင်းလင်းအတွက် လုပ်ထားတဲ့ သူ့ရဲ့ congratulation ဆိုင်းဘုတ်ကို ကြွားတယ်...

"wow... daebak!! မိုက်တယ်... ဘယ်တုန်းကများ လုပ်လိုက်တာလဲ?" မိဖြိုးကမေးတယ်...

"ဒီကောင် တစ်ညလုံး အဲ့ဒါတွေ ထိုင်လုပ်နေတာလေ..." himchan က ၀င်ပြောတယ်...

"ကြိုးစားလှချည်လား..." မိဖြိုးက အားကျစွာ ချီးကျူးတယ်... လင်းလင်းကတော့ တော်တော် ကံကောင်းတာပဲ လို့ တွေးမိပြီး သူမ သူငယ်ချင်းအတွက် ဂုဏ်ယူ ကျေနပ်နေမိတယ်...

"ဟဲဟဲ... ဒါဆို hyung နဲ့ ဖြိုးက ဈေးသွား ၀ယ်ကြမှာ မဟုတ်လား? ကျွန်တော် လိုအပ်တာလေးတွေ ရေးပေးလိုက်မယ်..." daehyun က ပြောတယ်...

သူက တမင်သက်သက် himchan နဲ့ မိဖြိုး အတူတူ သွားလို့ရအောင် လွှတ်ပေးလိုက်တာ...

"အော... အိုကေလေ... ဒါဆို ဖြိုးရေ... oppa တို့ ၀ယ်ရမယ့် စာရင်း အရင်ဆုံး လုပ်ရအောင်..." himchan က ပြောတော့ မိဖြိုးလည်း "nae oppa..." ဆိုခါ နှစ်ယောက်သား ထမင်းစားပွဲမှာ ခေါင်းချင်း ဆိုင်လို့ ၀ယ်ရမယ့် ပစ္စည်းတွေ တိုင်ပင်နေကြတယ်...

နောက် မိဖြိုးနဲ့ Himchan တို့ နှစ်ယောက် ဈေးသွားဝယ်ဖို့ အတူတူ ထွက်သွားကြတယ်... မနက်ဖြန်ဆို ခွဲကြရတော့မှာ ဖြစ်တဲ့အတွက် နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ မေးခွန်းများစွာ ပြည့်နှက်နေပေမယ့် ဘယ်သူမှ ဒီစိတ်ညစ်စရာဘက်ကို သယ်ဆောင်သွားမယ့် စကားတွေကို မဟဖြစ်ကြဘူး... ပျော်ပျော်ပါးပါး စလိုက်နောက်လိုက်ပဲ shopping ပတ်ဖြစ်ကြတယ်...

Baby! You're My Lovesick [Completed]Where stories live. Discover now